Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 30, 2014

Miss International Beauty Pageant 2014 ပြိုင်ပွဲ အလှမယ် မေဘရဏီသော် ၀င်ရောက် ယှဉ်ပြိုင်မည်

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေဘရဏီသော်က အကောင်းဆုံး ယှဉ်ပြိုင်သွား မယ်လို့ ဒီဗွီဘီ ကို ပြောပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ထိ ကျင်းပနေတဲ့ Miss International Beauty Pageant 2014 ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် နေတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေဘရဏီသော်က မြန်မာနိုင်ငံ အတွက် အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမယ်လို့ ဒီဗွီဘီကို ပြောကြားလိုက်ပါတယ်။

“သမီးအနေနဲ့ ၂၀၁၄ ခုနှစ်မှာ ၀င်ရောက်ယှဉ်ပြိုင်မရမှာ ဖြစ်အတွက် အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမှာပါ။ သမီးကိုလည်း အားပေးကြပါဦးနော်။ ကျေးဇူးတင်ပါတယ်။”

Miss International Beauty Pageant 2014 ပြိုင်ပွဲကို Miss Myanmar International 2014 အဖြစ်ရွေးချယ်ခံရတဲ့ ခင်ဝေဖြိုးဟန် ၀င်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် အသက် ၁၈ နှစ်ပြည့်ဖို့ လိုနေတဲ့အတွက် 1st Runner Up အလှမယ်မေဘရဏီသော်ကို ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။

“အချိန်ကလည်း တော်တော်လေးနီးသွားတဲ့အတွက် ပြင်ဆင်ချိန်ကို တော်တော်လေး လုပ်ယူခဲ့ရတယ်။ အ၀တ်အစားပိုင်း ဘော်ဒီပိုင်းတွေ ပြင်ရတယ်။ ပြီးတော့ ကိုယ်နိုင်ငံကိုယ်စားပြု အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံအကြောင်းကို ဘယ်လို intro လုပ်ရမလဲဆိုတာပေါ့။ ဘာပဲဖြစ်ဖြစ် သိထားဖို့က အရေးကြီးတယ်လေ။ အဲ့ဒီ အချက်အလက်တွေ လည်း အများကြီးပြင်ဆင်ခဲ့ရပါတယ်။ အဲဒါတောင်မှ ကိုယ်အနေနဲ့ လိုအပ်ချက်လေးတွေ ရှိသေးတယ်လို့တော့ အခုထက်ထိတော့ ထင်တုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကိုယ်စားပြု ဖြစ်တဲ့အတွက် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာပါ။”

သက်တမ်း ၅၄ နှစ် ရှိပြီဖြစ်ပြီး နိုင်ငံပေါင်း ၆၅ နိုင်ငံက အလှမယ်တွေ ၀င်ရောက်ယှဉ်ပြိုင်တဲ့ Miss International Beauty Pageant 2014 ပြိုင်ပွဲ နောက်ဆုံးနေ့ ဆုပေးပွဲကို Shinagawa Prince Hotel Hall မှာ ကျင်းပမှာဖြစ်ပါတယ်။ Miss International Beauty Pageant ကို အိုကီနာဝါကျွန်းမှာ ၂၀၁၂ ခုနှစ်က ကျင်းပခဲ့တဲ့ ပွဲကစလို့ အလှမယ်နန်းခင်ဇေယျာက မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံး စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၃ မှာတော့ မြန်မာအလှမယ် ဂုဏ်ရည်အေးကျော်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ