ဒီအစည်းအဝေးမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် အဖြစ်ကနေ ကေအန်ယူ ယာယီ နှုတ်ထွက်ထားတဲ့ ကိစ္စ၊ ကရင် လက်နက်ကိုင်အဖွဲ့တွေ တစုတစည်းနဲ့ KAF ကော်သူးလေ တပ်မတော် ဖွဲ့စည်းရေး သဘောတူထားတဲ့ ကိစ္စနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
ကေအန်ယူ အနေနဲ့ UNFC အဖွဲ့ဝင် အဖြစ်ကနေ လောလောဆယ်မှာ ဆက်လက် ရပ်ဆိုင်းထားဖို့ အခု အစည်းအဝေးမှာ သဘောတူခဲ့ကြတယ် လို့ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် ဖဒို စောတာတိုးမူက ဘီဘီစီကို ပြောပါတယ်။
ကေအန်ယူနဲ့ UNFC ကြား မတူညီတဲ့ မူဝါဒပိုင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးညှိနှိုင်းဖို့ အချိန်ယူရမှာ ဖြစ်လို့ အခုလို ဆက်ရပ်ဆိုင်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
KAF ကော်သူးလေ တပ်မတော် ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ ကေအန်ယူ ၁၅ ကြိမ်မြောက် ကွန်ကရက်က မူအားဖြင့် လက်ခံထားခဲ့ပေမယ့် လက်တွေ့ အကောင်အထည်ဖော်ခွင့် ပေးမထားသေးဘူး၊ ဒါကြောင့် ဒီကိစ္စနဲ့ သက်ဆိုင်တာတွေကို လာမယ့် ကွန်ဂရက်မှာမှ ပြန်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဖဒို စောတာတိုးမူက ပြောပါတယ်။
KAF ကော်သူးလေ တပ်မတော် ဖွဲ့စည်းရေး သဘောတူထားတဲ့ ကြေညာချက်ဟာ ကေအန်ယူရဲ့ မူနဲ့ ကွဲလွဲနေတယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲကတော့ အခက်အခဲတွေ ရှိနေပေမယ့် ညှိညှိနှိုင်းနှိုင်း ဆက်ဆွေးနွေးသွားမယ်လို့ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် ဖဒို စောတာတိုးမူက ပြောပါတယ်။
No comments:
Post a Comment