ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 3, 2014

ယူနတီဂျာနယ် သတင်းထောက်တွေကို ထောင် ၃နှစ်စီ လျှော့ပေး

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို မကွေးတိုင်းဒေသကြီး တရား လွှတ်တော်ရုံးက ထောင်ဒဏ် ၃နှစ်စီ လျှော့ချလိုက်ကြောင်း ဒီနေ့ အမိန့်ချမှတ်ခဲ့ပါတယ်။

ပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့ နေပြည်တော် ပြည်ထောင်စုတရား လွှတ်တော်ချုပ်အထိ တင်သွင်းသွား မှာ ဖြစ်တယ်လို့ သတင်းထောက် ၄ ဦးရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

" ကျွန်တော်တို့ အယူခံတင်သွင်းတဲ့အခါမှာ တရားလိုဖြစ်တဲ့ ဒုတိယ ဗိုလ်မှူးကြီးကျော်ကျော်ဦးနဲ့ ဗိုလ်ကြီး ထက်ဝေအောင်တို့ရဲ့ ထွက်ဆိုချက်တွေအရ လျှို့ဝှက်ချက်ပေါက်ကြားထားတာ မရှိဘူး၊ ဓာတုလက်နက် ထုတ်လုပ်တာမရှိဘူး၊ ဓာတုလက်နက်ထုတ်လုပ်ဖို့လည်း စက်ရုံတည်ဆောက်နေတာ မဟုတ်ဘူးလို့ပြောထားတော့ ဒီဥစ္စာက သတင်းမှားတဲ့အဆင့်သာဖြစ်တော့ လျှို့ဝှက်ချက်ပေါက်ကြားတဲ့ ပုဒ်မနဲ့ ဖြေလျော့ဖို့ မသင့်လျော်ဘူး၊ နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို လာမယ့် ၁၅ ရက်အတွင်းမှာ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှော့ရက်တင်သွင်းပြီးတော့ ပြစ်ဒဏ်လွတ်မြောက်ရေးအတွက် ဆက်လက်ဆောင်ရွက်မှာ "

ယူနတီဂျာနယ်က သတင်းထောက်တွေဖြစ်တဲ့ ကိုပိုင်သက်ကျော်၊ ကိုစည်သူ၊ ကိုသဲရာဇာ၊ ကိုလူမော်နိုင်နဲ့ ဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းတို့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၅ ရက်နေ့ အပတ်စဉ်ထုတ် ယူနတီဂျာနယ်မှာ "မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓါတု လက်နက်စက်ရုံ" ဆိုပြီး ဖေါ်ပြခဲ့တာကြောင့် နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုဥပဒေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ပခုက္ကူခရိုင်တရားရုံးမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရတာဖြစ်ပါတယ်။

ယူနတီသတင်းသမားတွေရဲ့ အယူခံကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ရက်နေ့က မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ တင်ခဲ့တာဖြစ်ပြီး သြဂုတ်လ ၂၈ ရက်နေ့မှာ အယူခံအပြီးသတ် လျှောက်လဲချက် တင်သွင်းခဲ့ကြတာဖြစ်ပါတယ်။

သတင်းထောက် ၄ ဦးကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ကူညီဆောင်ရွက်ပေးနေတာဖြစ်ပြီး အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းကို ရှေ့နေ ဦးကျော်လင်းက လိုက်ပါကူညီပေးနေတာဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ