ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

ISIS စစ်သွေးကြွအဖွဲ့ ကို ဆော်ဒီ ထောက်ပံ့ပေးခဲ့ ဟု ယင်းနိုင်ငံဘုရင် ၏တူဖြစ်သူ ၀န်ခံပြောကြား

ရီယက်ဒ် ၊ ၂၅-၁၀-၂၀၁၄

အီရတ်နှင့် ဆီးရီးယား နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိသည့် ISIS စစ်သွေးကြွ များကို ဆော်ဒီအာရေဗျ နိုင်ငံက ထောက်ပံ့ ပေးခဲ့သည်ဟု ယင်းနိုင်ငံ ဘုရင်၏တူ ဖြစ်သူ Alwaleed bin Talal က ဝန်ခံပြောကြား ခဲ့ကြောင်း သိရသည်။



ဆော်ဒီ အစိုးရသည် ISIS စစ်သွေးကြွ အကြမ်းဖက် သမားများကို လက်ရှိ အချိန်တွင် ထောက်ပံ့ပေးခြင်း မရှိသော်လည်း နိုင်ငံအတွင်းရှိ အချို့ အစွန်းရောက် များက အဆိုပါ အကြမ်းသမား  များကို ငွေကြေး ထောက်ပံ့လျက် ရှိကြောင်း Alwaleed bin Talal က CNN သတင်းဌာန သို့ ယခု သီတင်းပတ် အတွင်းက ပြောကြားခဲ့သည်။

ယခုအခါ ဆော်ဒီ အစိုးရသည် အကြမ်းဖက် သမားများကို နိုင်ငံ အတွင်းရှိ အစွန်းရောက် များကငွေကြေး ထောက်ပံ့ နေခြင်းကို ရပ်တန့်နိုင်ရန် လုပ်ဆောင်လျက် ရှိပြီး ယခုအခါ အဆိုပါ ထောက်ပံ့မှုများ ရပ်တန့်သွားပြီ ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် နှင့် ဘီလျံနာ တစ်ဦးဖြစ်သူ Alwaleed bin Talal က ထပ်လောင်း ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ များသည် ဆီးရီးယား နှင့် အီရတ်နိုင်ငံ တစ်ဝန်းရှိ ဒေသများကို ထိန်းချုပ်ထားပြီး ၄င်းတို့ သိမ်းပိုက် ထားသည့် ဒေသများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ၊ အစုလိုက် သတ်ဖြတ်မှုများ၊ ဖမ်းဆီး ခေါ်ဆောင်ခြင်း များ၊ ညှဉ်းပန်း နှိပ်စက်မှု နှင့် အမျိုးသမီး များကို လိင်ကျွန်အဖြစ် ရောင်းချခြင်း များကို လုပ်ဆောင်လျက် ရှိသည်။

၎င်းတို့သည် ရှီယိုက်၊ ဆွန်နီ နှင့် ကာ့ဒ် အပါအဝင် အခြား မျိုးနွယ်စု အားလုံးကို ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။

ဆော်ဒီအာရေဗျ အပါအဝင် ကာတာ၊ ဘာရိန်း၊ ဂျော်ဒန် နှင့် အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) စသည့် အာရပ်နိုင်ငံ များသည် စက်တင်ဘာ ၂၃ ရက်မှစ၍ အမေရိကန် ဦးဆောင်သည့် ညွှန့်ပေါင်း တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ISIS စစ်သွေးကြွ များအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။


Saudi Prince Alwaleed bin Talal


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ