အစိုးရ စစ်တပ် ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ရွာလုံးကျွတ် တိမ်းရှောင် နေရသလို ရှမ်းပြည်တပ်မတော် လည်း စခန်းတွေက ဆုတ်ခွာ နေရပါတယ်။
အောက်တိုဘာ ၃ ရက် မနက် အစောကတည်းက ရှမ်းပြည် တပ်မတော် အခြေစိုက်တဲ့ ဝမ့်ဟိုင်း အနောက်တောင်ဘက်မှာ အစိုးရ စစ်တပ်နဲ့ SSA တို့ ၃ ကြိမ်ထက် မနည်း တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်ခဲ့ ပါတယ်။
SSA ဘက်ကလည်း အထိခိုက် အနည်းအကျဉ်း ရှိတယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၂လ လောက် က အခု တိုက်ပွဲဖြစ်တဲ့ တာ့ဖာဆောင် ဒေသ ကနေSSA တပ်တွေကို ဆုတ်ခွာပေးပို့ အစိုးရ စစ်တပ်က အကြောင်းကြား ထားပေမယ့် SSA နဲ့ သဘော တူညီမှု မရလို့ တိုက်ပွဲ အနည်းငယ် ဖြစ်ခဲ့ပါသေးတယ်။ အခု ရှမ်းပြည်နယ်မှာ တောင်ယာစို က်ချိန်ဖြစ်လို့ တိုက်ပွဲ ဖြစ်တဲ့ နေရာ တွေက ဒေသခံ တွေ စီးပွားရေး တွေ ဆုံးရှုံး ထိခိုက် နေရတယ် လို့လည်း ကျေးသီး မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းအွမ်ဆိုင်မိုင်း က ပြောပါတယ်။
ခုနောက်ဆုံး ရတဲ့ သတင်းတွေအရ အစိုးရတပ်က တာ့ဖါဆောင် စခန်းကို လက်နက်ကြီး တွေနဲ့ တရစပ်ပစ်နေလို့ တာ့ဖါဆောင်စခန်းကနေ SSA တပ်တွေ ဆုတ်ခွာနေရတယ်လို့ သိရပါတယ်။
ရှမ်းပြည်တပ်မတော် ဟာ ၂၀၁၂ တုန်းက အစိုးရနဲ့ ပြည်ထောင်စု အဆင့် အပစ်ခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ထားပြီး ဖြစ်ပေမယ့် တနိုင်ငံလုံး အဆင့် အပစ်ခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ ဆွေးနွေးပွဲ မပြီးပြတ် သေးချိန်မှာ အခုလို တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။
![]() |
| ၂၀၁၂က အစိုးရနဲ့ ပြည်ထောင်စု အဆင့် အပစ်ရပ်စဲရေး လက်မှတ်ထိုး |




































No comments:
Post a Comment