Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 24, 2014

ပြည်လုံးကျွတ် အပစ်ရပ်ရေးမှာ စံပြ ဖြစ်ရန် ဝ နှင့် မိုင်းလားအား ဦးသိန်းဇော် ပြော

အောက်တိုဘာလ ၂၄ ရက် ၂၀၁၄

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ၂ ၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဇော်နှင့် အဖွဲ့သည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့၌ တညအိပ်ခရီး ရောက်ရှိကာ ၀ နှင့် မိုင်းလား တပ်ဖွဲ့အားတွေ့ဆုံ၍ ငြိမ်းချမ်းရေး အတွက် စံပြ ဖြစ်ရန် တိုက်တွန်းစကား ပြော ဆိုလိုက်သည်။

ဦးသိန်းဇော် ဦးဆောင်သောအဖွဲ့သည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ အောက်တိုဘာ ၂၂ ရက်နေ့ ရောက် ရှိခဲ့ပြီး ယမန်နေ့ (၂၃၊ ၁၀၊ ၂၀၁၄) နံနက်ပိုင်းက ကျိုင်းတုံသို့ ခရီးလှည့်ပြန်ကြောင်း၊ မိုင်းလား၌ ဦးသိန်းဇော် အား အထူးဒေသ ၄ မိုင်းလား အဖွဲ့ခေါင်းဆောင်များနှင့်အတူ ပန်ဆန်းမှ လာသည့် ရှောက်မင်လျန်ခေါင်းဆောင်သည့် အထူးဒေသ (၂) ဝ ခေါင်းဆောင် များက လက်ခံတွေ့ဆုံကြောင်းသိရသည်။

ထိုတွေ့ဆုံပွဲတွင် ဦးသိန်းဇော်က ဝ နှင့် မိုင်းလား တပ်ဖွဲ့ခေါင်းဆောင်များအား ‘ ဝ နဲ့ မိုင်းလားက စံပြအဖွဲ့ တွေဘဲ တခြားလက် နက်ကိုင်တပ်ဖွဲ့တွေထက် ပထမဦးဆုံးအပစ်အခတ်ရပ်တယ်။ အဲဒီ့ကတည်းက တပ်မတော်နဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေမရှိခဲ့ဘူး၊ ဒီအစဉ်အလာကို ဆက်လက်ထိန်းသိမ်းကြပါ။ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာလဲ မိုင်းလား နဲ့ ဝ တပ်ဖွဲ့ကို စံပြဖြစ်စေချင်တယ်’ ဟု ပြောကြားကြောင်း အမည်မဖေါ် လို သူ တဦးကပြန်လည်ပြောသည်။

ထို့အပြင် ဦးသိန်းဇော် က ၀ နှင့် မိုင်းလားတပ်ဖွဲ့အား တပ်မတော်မှ ချမှတ်သည့် ငြိမ်းချမ်းရေးမူ ၆ ချက် ကို လိုက်နာကျင့်သုံးရန်၊ စီးပွားရေးလုပ်ငန်း စိတ်ကြိုက်လုပ်ဆောင်နိုင်ကြောင်းနှင့် မိုင်းလား ဒေသ အား ခရီးသွားနယ်မြေအဖြင့် မြှင့်တင်ရန် ဆက်လက်တိုက်တွန်းပြောဆိုကြောင်း သိရသည်။

“ဒီလိုပါ သူက လားရှိုးမှာ SSPP နဲ့ တွေ့တဲ့အကြောင်းရှင်းပြတယ်။ ဝ ဘက်ကတော့ - ကရင် DKBA နဲ့ သျှမ်း SSPP/SSA ကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပေါ် တော်တော်ကို ဘဝင်မကျဘူး။ ဒီကိစ္စ ဘယ်လိုဖြစ်ရတာလဲ - လို့ မေးကြတယ်။ ကျနော့်အမြင်ကတော့ NCCT နဲ့ UPWC တွေ့ဆုံဆွေးနွေးတာ သိပ် အလား အလာမကောင်းဘူး။ ဒါကြောင့် သူတို့က SSPP - UWSA - NDAA-ESS မိုင်းလား တို့ကို တခါတည်း စုပေါင်း အပစ်ရပ် လက်မှတ်ထိုးစေချင်တာ။ ပြည်လုံးကျွတ်အပစ်ရပ်အတွက် ဦးဦးဖျားဖျား စံပြ ဖြစ်စေ ချင်တာ။ NCCT ကို လုပ်ပြစေချင်နေတာ သူတို့က” - ဟု အဆိုပါအကြီးအကဲ ကပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မ တော် သျှမ်းပြည်အရှေ့အပိုင်း NDAA- ESS နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့သည် စစ်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသည်။ သုံးဖွဲ့လုံးမှာ ပြည်ထောင်စုအစိုးရနှင့် အပစ်အခတ်ရပ် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့များလည်းဖြစ်သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ