Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 25, 2014

သတင်းထောက် ကိုပါကြီး အစိုးရစစ်တပ် ပစ်ခတ်ခံရမှုကြောင့် သေဆုံး

တစ်လနီးပါးကြာ ပျောက်ဆုံးနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အလွတ်တန်းသတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ကို မွန်ပြည်နယ် ကျိုက်မရောမြို့အခြေစိုက် အမှတ် ၂၀၈ ခြေမြန်တပ်ရင်းက သူ့ကိုထိမ်းသိန်း ထားစဉ်မှာ သေနတ်လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အတွက် အသေ ဖမ်းဆီးမိ ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ကြောင်း သိရပါတယ်။

ကိုပါကြီးသေဆုံးကြောင်း မနေ့ကရက်စွဲနဲ့ ရေးသားထားတဲ့ သတင်းထုတ်ပြန်ချက်ကို တပ်မတော်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီထံ ပေးပို့ခဲ့တာဖြစ်တယ်လို့ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။

"တပ်မတော်က စာနယ်ဇင်းကော်စီကတဆင့် မီဒီယာတွေကို ပေးတဲ့အတွက်တော့ ကိုပါကြီးသေတာ အတည်ပြုပါတယ်၊ အီးမေးနဲ့ ပို့လိုက်တယ်၊ ၅ နာရီ မိနစ် ၂ဝ မှာရောက်တယ်၊ ဒါပေမဲ့ အဲဒီ့အီးမေးကို ဝေဖို့အတွက် မနေ့က ဒီပါဝလီနေ့ဖြစ်နေတယ်၊ ရုံးပိတ်နေတယ်၊ ဒါကြောင့် ဒီနေ့မနက်မှာ ဝေလိုက်တယ်"

အဲဒီထုတ်ပြန်ချက်အရ ကိုပါကြီးဟာ KKO အဖွဲ့လို့ ခေါ်တဲ့ ဗိုလ်မှူး စောဆန်းအောင်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိကြောင်းနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ရက်နေ့က ကျိုက်မရောမြို့ လှေဆိပ်မှာ သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ပါရှိပါတယ်။

ကိုပါကြီးဟာ ဖမ်းဆီးထားချိန်အတွင်း အောက်တိုဘာလ ၄ ရက်နေ့ညက ကင်းစောင့်နေတဲ့ စစ်သားဆီက သေနတ်လုပြီး ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ကြောင်း၊ ကိုပါကြီးရဲ့ အလောင်းကို ကျိုက်မရောမြို့အနီး ရွှေဝါချောင်ကျေးရွာတောင်ဘက်တစ်နေရာမှာ မြေမြုပ်သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ဒီကေဘီအေတပ်ဖွဲ့တွေအကြား ပစ်ခတ်မှုတွေကို သတင်းလိုက်ယူခဲ့ပြီးအပြန်မှာ အဖမ်းခံထားရတာလို့ နီးစပ်သူတွေက ပြောပါတယ်။

ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး သူ့အမျိုးသားကို အဲဒီတပ်ရင်းက ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာတွေရှိကြောင်း၊ နိုင်ငံသားတစ်ဦးအပေါ် တရားဥပဒေမဲ့လုပ်ရပ်တစ်ခုဖြစ်ကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူပေးဖို့လိုအပ်ကြောင်း ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ