Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

စာပေအပေါ် တန်ဖိုးဖြတ်ဝေဖန်ရဲသူ ဆရာကြီး ဦးအောင်သင်းကွယ်လွန်

ဆရာဦးအောင်သင်းသည် အောက် တိုဘာ ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် တွင် စမ်းချောင်းမြို့နယ် ဓမ်္မိက၀တီလမ်း နေအိမ်တွင် ၉၆ ပါးသောရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ကွန်လွန်ချိန်၌ အသက် (၈၈) နှစ် ပြည့်ပြီးဖြစ်သည်။

စာပေပညာရှင်ဆရာကြီး ဦးအောင် သင်း၏ ဝေဖန်သုံးသပ်ချက်များကြောင့် မဂ္ဂဇင်းဝတ္ထုနှင့် စာဖတ်သူများ စိတ်ဝင်စား မှု ပိုမိုရှိလာပြီး စာရေးသူများကို အထောက် အကူပြုစေခဲ့ကြောင်း ထုတ်ဝေသူ၊ အယ် ဒီတာ၊ စာရေးဆရာဖေမြင့်က ပြောသည်။

ဆရာဦးအောင်သင်းသည် စာပေ ပညာနှင့် ပတ်သက်၍ စနစ်တကျ လေ့လာပြီး မဟာဝိဇ္ဇာစာတမ်းပြုစုခဲ့သူ တဦးဖြစ်ကာ စာပေခွဲခြမ်းစိတ်ဖြာသည့် အတတ်ပညာနှင့် မဂ္ဂဇင်းပါဝတ်္ထုများကို ပိုင်နိုင်စွာ ဝေဖန်သုံးသပ်ခဲ့ကြောင်၊ ယင်း အပြင် ၀တ္ထုမဂ္ဂဇင်းများအပေါ် အကဲဖြတ်ခြင်း တန်ဖိုးဖြတ်မှုကိုလည်း လုပ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

““မြန်မာဝတ္ထုတို့ကို တော်တော်ထင် ထင်ရှားရှားနဲ့ အများစိတ်ဝင်စားမှုရှိလာပြီး တော့ ၀တ္ထုတိုခေတ်ကောင်းခဲ့တယ်။ တချို့ က ရွှေခေတ်လို့ ပြောခဲ့ကြတယ်””ဟု ဆရာဖေမြင့်က ပြောသည်။

ထို့ပြင် ဆရာသည် စာပေဟောပြောပွဲများတွင် အဟောအပြောကောင်း သည့် စာရေးဆရာတယောက်ဖြစ်ပြီး ပြောစရာရှိ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခေတ်နှစ်နှင့် ပတ်သက်ပြီး ဝေဖန်သုံးသပ် သည့်နေရာတွင်လည်း ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်ခဲ့တာကြောင့် ပိုပြီးထင်ရှားကြောင်း ၎င်းက ပြောသည်။

“ဖေဖေကွယ်လွန်တော့ ဒီလိုပါပဲ။ လူတွေ အများကြီးက နှမြောတာပေါ့။ အန်တီကတော့ လောကအမြင်နဲ့ဆိုရင် အန်တီ အသက် (၅၀) မှာ မေမေဆုံးသွား တော့ အသက် ၅၀ အထိ မိစုံဖစုံနဲ့ နေရတာ ကံကောင်းသေးတယ်ပေါ့နော်။ အခု ဖေဖေဆုံးသွားပြီဆိုတော့ တအား နှမြောတယ်။ စိတ်မကောင်းဖြစ်ပါတယ်” ဟု ဆရာကြီး ဦးအောင်သင်း၏ သမီးကြီး ဖြစ်သူ ဒေါ်မော်မော်သင်းက ပြောသည်။

ဆရာကြီးသည် လူငယ်များနှင့်ပတ်သက်၍ လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပညာရေး အပေါ် တန်ဖိုးထားစေရန်အတွက် စာတွေရေးခဲ့၊ စာပေဟောပြောပွဲများတွင် ဟောပြောခဲ့သူ ဖြစ်တဦးဖြစ်သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ