Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 27, 2014

မြန်မာနိုင်ငံသားတဦး မလေးရှားတွင် အသတ်ခံရ

မလေးရှားနိုင်ငံ ပီနန်းမြို့တဖက်ကမ်းရှိ ဘာတာဝပ်မြို့ (Butter worth) မှာ မြန်မာနိုင်ငံသား တဦးရဲ့ ရုပ် အလောင်းကို အောက်တိုဘာ ၂၆ ရက်နေ့က တွေ့ရှိခဲ့ကြောင်း  မလေးရှား သတင်းတွေမှာ ဖော်ပြထား ပါတယ်။

သေဆုံးသူဟာ ခေါင်းနဲ့ လည်ပင်း ဒဏ်ရာတွေ ရပြီး သေဆုံး ခဲ့တာ လို့ ဖော်ပြထား ပါတယ်။

ထွန်းနိုင် (ခေါ်) မင်းမင်းလတ်ဆို သူရဲ့ သေဆုံးတဲ့ အလောင်းကို သူနေတဲ့ အငှားအိမ်နဲ့ မီတာ ၅၀၀ လောက်မှာ တွေ့ရှိခဲ့တာလို့ မလေးရှားနိုင်ငံ ကပုန်း ခုနှစ်ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

“နာမည်အရင်းက ထွန်းနိုင် ယူအန်ကတ်မှာက မင်းမင်းလတ်ပါ။ သူဘယ်မှာနေလဲဆိုတာ သေချာမသိဘူး။ မနက်ဖြန်ကျမှ ရဲတွေနဲ့တွေ့ပြီး အတိအကျ သိရမယ်။”

သေဆုံးသူရဲ့ အလောင်းကို ဘာတာဝပ် ဆေးရုံမှာ ထားရှိတယ်လို့လည်း ပြောပါတယ်။

သေဆုံးသူဟာ အသတ်မခံရခင် သူငှားနေတဲ့ အိမ်ရဲ့အနားက ဆိုင်မှာ အချင်းများမှု ဖြစ်ပွားခဲ့တယ်လို့လည်း tha sun daily သတင်းမှာ ဖော်ပြထားပါတယ်။

မေလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေဟာ လစဉ်လိုလို အသတ်ခံနေရတယ်လို့လည်း ဦးစန်းဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခု ရခိုင်ပြည်နယ်မှာအတွင်း အကြမ်းဖက်မှု ဖြစ်ပွားပြီးတဲ့နောက် မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အသတ်ခံရမှု စတင်ဖြစ်ပွားခဲ့တာလို့ ဦးစန်းဝင်းက ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၁၃ ခု ၅ လပိုင်းကစပြီး ၇ လပိုင်းကုန်လောက်အထိ ၉ ယောက်လောက် အသတ်ခံခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာ တလကို ၂ လောင်းလောက်ကတော့ အနည်းဆုံးပဲ။ နေရာတိုင်းမှာသေတယ်။  အသတ်ခံရတာပေါ့။”

အသတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံက တာဝန်ရှိသူတွေကလည်း တစုံတရာ လုပ်ဆောင်ပေးတာ မရှိဘူးလို့ ဦးစန်းဝင်းက ပြောပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ