Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 5, 2014

တိုင်းရင်းသားမဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း

ရန်ကုန်မြို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဒီနေ့ကျင်းပတဲ့ NLD နဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေရဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကနေ တိုင်းရင်းသား မဟာမိတ် နိုင်ငံရေး ပါတီများ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို ပူးပေါင်း အကောင်အထည် ဖော်ဖို့အတွက် ၂ လကြာ ဆွေးနွေး ခဲ့ကြပြီးနောက် အခုလိုဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

"ရည်ရွယ်ချက်တစ်ခုကတော့ နိုင်ငံရေးပါတီအချင်းချင်း ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံပေါ့ဖို့ ပိုပြီးတော့ နားလည်မှုရှိအောင်၊ နောက်တစ်ခုကတော့ သဘောထားတူညီတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ပါ၊ နောက်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ပါ၊ လစဉ်ပုံမှန်တွေ့မှာပေါ့လေ၊ ဒီကြားထဲမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးဖြစ်ပေါ် ဆုံးဖြတ်မှုတွေထဲမှာ ကျနော်တို့ ဘယ်လိုပူးပေါင်းပါဝင်လာမလဲဆိုတဲ့အပေါ် မူတည်တာပေါ့"

အဲဒီလုပ်ငန်းအဖွဲ့ကို ဦးဆောင်မယ့် ၄ ဦးပါအဖွဲ့တစ်ခုကို လာမယ့် နိုဝင်ဘာလအတွင်း ရွေးချယ်တဲ့အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP၊ စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့က တစ်ဦးစီနဲ့ ကျန်ရှိ တိုင်းရင်းသား နိုင်ငံရေးပါတီတွေထဲကတစ်ဦး ရွှေးချယ်သွားမယ်လို့ သိရပါတယ်။

ဒီနေ့ကျင်းပတဲ့ဆွေးနွေးပွဲကို NLD၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ဇိုမီးအမျိုးသား ဒီမိုကရေစီပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ကမန်အမျိုးသားပါတီနဲ့ UNA အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ