Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 25, 2014

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလအတွင်း ကယားပြည်နယ် သွားမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒေသခံလူထုနဲ့ တွေ့ဆုံမယ်လို့ ပြည်နယ်အန်အယ်လ်ဒီ တာဝန်ရှိ သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကယားပြည်နယ် ဥက္ကဌ ဒေါက်တာ ဒေါ်ခင်စည်သူက အခုလို ပြောပါတယ်။

"အခုလာမယ်ဆိုရင်တောင်မှ တရားဝင်ကြီးကြီးကျယ်ကျယ်ကြီး ထုတ်မပြန်ပဲနဲ့ တဆင့်ကြားလေးတောင်မှ ငါတို့ဖြင့်သွားကြမယ်၊ ရွာကလူတွေဆိုရင် ဘယ်လိုစီစဉ်ပြီးသွားကြမယ်ဆိုတဲ့ သတင်းတွေလေးတော့ ကြားနေတာပေါ့နော်၊ အားလုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လာစေချင်နေတာ၊ တိုင်းနဲ့ပြည်နယ်တွေမှာ အထူးသဖြင့် ပြည်နယ်တွေသွားတဲ့အခါမှာ ကယားပြည်နယ်တစ်ခုက ကျန်နေသလိုလေးဖြစ်တယ်၊ အဲ့ဒါကြောင့် ကယားပြည်နယ် လူထုတွေကလည်း အရမ်းတောင့်တနေတယ်"

ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ်ကို လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်က ပထမဆုံးအကြိမ် ရောက်ခဲ့ပြီး အခုလာမယ့်ခရီးစဉ်မှာ လွိုင်ကော်မြို့မှာရှိတဲ့ ကယားဒေးကွင်းမှာ ဒေသခံလူထုနဲ့တွေ့ဆုံဖို့ စီစဉ်ထားပြီး ကယားပြည်နယ် အစိုးရထံ တင်ပြထားတယ်လို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ