Popular Posts
ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ
Saturday, October 25, 2014
ကျောက်တံခါးမြို့ နယ်မှာ ဆိုင်ကယ်မှ စက်ဘီးအား ၀င်တိုက်ရာ ဆိုင်ကယ်သမား သေဆုံး
အောက်တိုဘာ(၂၄)ရက် ညနေ(၃)နာရီခွဲ အချိန်ခန့် က ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့ နယ်မှာ အရှိန်မထိန်းနိုင်တဲ့ ဆိုင်ကယ်တစ်စီးမှ စက်ဘီးအား နောက်မှ ၀င်တိုက်မိရာ ဆိုင်ကယ်သမား သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဦးရာရာဂျစ်ကူးမားတွင် ၀ဲဂျိုစောင်း ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး၊ ဆိုင်ကယ် မောင်းနှင်လာသည့် ဦးမြင့်သန်းထွန်း ကတော့ အရှိန်နှင့် တိုက်မိတဲ့ ဒဏ်ရာများကြောင့် အခင်းဖြစ် နေရာတွင်ပင် သေဆုံးခဲ့သည်။
ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ဦးမြင့်သန်းထွန်း(သေဆုံး)သွားသူကို ကျောက်တံခါး မြို့မရဲစခန်းမှ ယာဉ်(ပ)၃၆/၂၀၁၄ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အရေးယူထားကြောင်း စုံစမ်းသိရှိရသည်။
ပန်းချီသန်းဝင်း(ကျောက်ကြီးမီဒီယာ)    
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment
LinkWithin
Related Posts Plugin for WordPress, Blogger...
ကားတွန်ကဏ္ဍ
မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်
ကြော်ငြာကဏ္ဍ
ဤနေရာတွင်ကြော်ငြာလက်ခံပြီ
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
ခွေးကလေးနဲ့ ကစားကြမယ်
တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ