Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 1, 2014

ဟောင်ကောင်ဆန္ဒပြမှု တခြားဒေသအထိ ပျံ့နှံ့နိုင်

တရုတ်နိုင်ငံမှာ ​ဒီကနေ့ဟာ ​ရုံးပိတ်၊ ​ကျောင်းပိတ်တဲ့ ​အမျိုးသားနေ့ ​ဖြစ်တဲ့အတွက် ​ဟောင်ကောင်က ​ဆန္ဒပြမှု ​ဒီထက်မက ​ကြီးလာနိုင်တယ်လို့ ​သုံးသပ်နေကြပါတယ်။

မနေ့ညကတည်းက ​ဆန္ဒပြသူ ​ဦးရေတွေ ​ပိုများလာခဲ့တာဖြစ်ပြီး ​ဒီကနေ့မှာတော့ ​ဟောင်ကောင်ကျွန်းရဲ့ ​တခြားနေရာတွေအထိ ​ပျံ့နှံ့နိုင်တယ်လို့ ​သုံးသပ်ကြတာပါ။

မနေ့ညတုန်းကတော့ ​ဟောင်ကောင်ကျွန်း ​အရာရှိက ​ဆန္ဒပြသူတွေ ​မိမိနေထိုင်ရာ ​အိမ်ဆီကို ​ချက်ခြင်းပြန်ကြဖို့ ​ရုပ်မြင်သံကြားမှာ ​ပြောကြားခဲ့ပါတယ်။

ဆန္ဒပြသူ ​တွေကတော့ ​ဟောင်ကောင်ကျွန်း ​အုပ်ချုပ်ရေးမှူး ​CY ​Leung ​ရာထူးကနေ ​ဆင်းပေးဖို့ ​ဆက်လက် ​တောင်းဆို ​နေကြပါတယ်။

ဆန္ဒပြသူတွေဟာ ​ဟောင်ကောင်ကျွန်း ​အုပ်ချုပ်သူကို ​တရုတ်ပြည်မအစိုးရက ​မရွေးပဲ ​ဟောင်ကောင်ပြည်သူတွေကို ​ရွေးချယ်ခွင့်ပေးဖို့ ​အဓိကထား ​တောင်းဆိုကြတာ ​ဖြစ်ပါတယ်။

ဟောင်ကောင်ကျွန်းရဲ့ ​ပထမဦးဆုံးသော ​အုပ်ချုပ်ရေးမှူးဟောင်း ​Anson ​Chan ​က ​တော့ ​ဗြိတိန်တွေက ​ဟောင်ကောင်ကျွန်းကို ​တရုတ်နိုင်ငံရဲ့ ​လက်ထဲ ​လွဲအပ်ပေးတဲ့ ​၁၉၉၇ ​ခုနှစ်ကတည်းက ​တစ်နိုင်ငံမှာ ​စနစ်နှစ်မျိုး  ​ကျင့်သုံးဖို့ ​တရုတ်အစိုးရက ​သဘောတူခဲ့ပေမယ့် ​အခုအခါမှာ ​စနစ်နှစ်မျိုးကို ​တရုတ်အစိုးရက ​လက်မခံတဲ့ ​ပုံစံ ​ပေါက်နေတယ်လို့လည်း ​ဝေဖန်လိုက်ပါတယ်။
နှိမ်နင်းခံရမှာကို ​ဆန္ဒပြသူတွေ ​စိုးရိမ်


ဟောင်ကောင် ​အစိုးရက ​တရုတ်အမျိုးသားနေ့ ​ချီတက်ပွဲကို ​စီစဉ်ထားတဲ့ ​အတိုင်း ​လုပ်ဆောင်ဖို့ ​စီစဉ်ထားပြီး ​အဲဒီချီတက်ပွဲ ​ကျင်းပမယ့် ​နေရာကို ​ဆန္ဒပြသူတွေက ​ပိတ်ဆို့ထားပါတယ်။

စီစဉ်ထားတဲ့အတိုင်း ​အစိုးရက ​လုပ်ဆောင်မယ်ဆိုတဲ့ ​ပြောဆိုချက်တွေကြောင့် ​ဆန္ဒပြသူတွေက ​ရိက္ခာတွေ ​တိုးချဲ့စုဆောင်းနေကြပါတယ်။

အများအားဖြင့် ​သောက်ရေဗူးတွေ၊ ​သစ်သီးတွေ၊ ​မှုန့်ပဲသရေစာတွေ၊ ​မျက်မှန်၊ ​မိုးကာအကျီ ​င်္၊ ​မျက်နှာဖုံးနဲ့ ​ယာယီတဲတွေကို ​စုဆောင်းကြတာ ​ဖြစ်ပါတယ်။

ဒါကို ​ကြည့်ခြင်းအားဖြင့် ​ဆန္ဒပြသမားတွေဟာ ​သူတို့တောင်းဆိုတာ ​မရမခြင်း ​ဆန္ဒပြကြမယ့် ​အနေအထားမှာ ​ရှိတယ်လို့ ​သုံးသပ်နေကြပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ