Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

ထိုင်းလူသတ်မှုအတွက် လွတ်လပ်တဲ့ စုံစမ်းမှုတစ်ခုပြုလုပ်ပေးဖို့ ဗြိတိန်ကိုတောင်းဆို

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ အသတ်ခံရတဲ့ ဗြိတိန်နိုင်ငံ သားစုံတွဲ ၂ ဦးအမှုနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးမှုတစ်ရပ် ပြုလုပ်ပေးဖို့ အင်တာနက်ကနေ လက်မှတ် ထိုးလှုံ့ဆော်တဲ့ လှုပ်ရှားမှု တစ်ခုကို ဂျပန်နိုင်ငံသားတစ်ဦးက စတင်လိုက်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေဟာ ရှေ့နောက်မညီတဲ့အပြင် လူသတ်တရားခံ အဖြစ်စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာ အကွက်ဆင် လက်ထောက်ချခံရတာ ဖြစ်နိုင်ကြောင်း ဒီလက်မှတ် ထိုးတောင်းဆိုလှုပ်ရှားမှုကိုစတင်တဲ့ Christopher Hankins က ပြောပါတယ်။

ဗြိတိန်အစိုးရနဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးထံ လိပ်မူထားတဲ့ ဒီစာမှာ ထိုင်းရဲတပ်ဖွဲ့ဟာ အဂတိလိုက်စားမှုတွေအပြည့်နဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာအလုပ်သမား ၂ ဦးရဲ့ ထွက်ဆိုချက်တွေဟာ ညှဉ်းပန်းနှိပ်စက်ခြိမ်းခြောက်မှုတွေကြောင့် ထွက်ဆိုရတာဖြစ်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ တရားခံမြောက်ကြောင်းသက်သေပြချက်တွေ ရှေ့နောက်မညီ၊ မခိုင်လုံတာကို လန်ဒန်ထုတ် London Evening Standard နဲ့ ဘီဘီစီသတင်း ထောက်တစ်ဦးဖြစ်သူ Andrew Dummond ရဲ့ဆောင်းပါး ထွက်ပေါ်လာအပြီး ဒီလှုပ်ရှားမှုကို စတင်ခဲ့တာဖြစ်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ