Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 3, 2014

ပျဉ်းမနားမှာ တစ်ကိုယ်တော်ဆန္ဒပြသူကို ထောင် ၄ လ ချမှတ်

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း ဇန်န၀ါရီလ ၄ ရက်နေ့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့နဲ့ တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့ ပျဉ်းမနားမြို့မှာ တစ်ကိုယ်တော်ဆန္ဒပြခဲ့တဲ့ ပျဉ်းမနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးသာချိုကို ဒီကနေ့ မြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လ ချမှတ်ပြီး ရမည်းသင်းထောင်ကို ပို့လိုက်ပါတယ်။

ပျဉ်းမနားမြို့နယ် တရားရုံးက အမိန့်ချလိုက်တာနဲ့ ပတ်သက်ပြီး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားရုံးချုပ်ရှေ့နေ ဦးခင်မောင်ဇော်က အခုလိုပြောပါတယ်။

"သူတို့အခု ပုဒ်မ ၁၈ နဲ့ အပြစ်ပေးတာကိုက ဥပဒေနဲ့မညီဘူး၊ ပြဌာန်းထားတဲ့ ဥပဒေနဲ့မညီဘူး၊ နောက်တစ်ခုက စစ်ဆေးတယ်ဆိုလို့ရှိရင်လည်း သက်သေထွက်ချက်တွေအပေါ်မှာပဲ သုံးသပ်ရမယ်၊ အမိန့်ကတော့ ထောင်ချတော့မယ် အဲဒီဥစ္စာကို စနစ်တကျနဲ့ ကြိုတင်ပြင်ဆင်ပြီးတော့ ချက်ချင်းတန်းပြီးပို့လိုက်တယ်၊ ရမည်းသင်းထောင်ကို ပို့လိုက်တယ်၊ သာမန်အားဖြင့် ချပြီးရင် တရားရုံးမှာရှိတဲ့ အချုပ်မှာထားတယ်၊ ပြီးရင် ပျဉ်းမနားရဲစခန်းမှာထားတယ်၊ ပြီးတော့မှ ရမည်းသင်းထောင်ကိုပို့တယ်"

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ လေးပွင်ဆိုင် တွေ့ဆုံဆွေးနွေးဖို့အတွက် တစ်ကိုယ်တော်ဆန္ဒပြခဲ့တဲ့ ABSDF တပ်ရင်း ၂၀၇ က ကျောင်းသားဟောင်း ကိုဇော်မြင့်ကိုလည်း တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ