Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 4, 2014

ရခိုင်မှာ ဘေးဒုက္ခနဲ့ မျှော်လင့်ချက်များ တွေ့ရကြောင်း ကုလသမဂ္ဂ ပြော

ရခိုင်ပြည်နယ်မှာ ဆိုးရွားတဲ့ လူသားဘေးဒုက္ခအန္တရာယ် ကျရောက်နေတာကို တွေ့ရပေမယ့် မျှော်လင့်ချက် အရိပ်လက္ခဏာတွေ ကိုလည်း တွေ့ရပါတယ်လို့ မကြာသေးခင်ကပဲ ရခိုင်ပြည်နယ်ဘက်ဆီ သွားရောက်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောလိုက်ပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Haoliang Xu နဲ့ လူသားရေးရာ ကုလ သမဂ္ဂ လုပ်ငန်းညှိနှိုင်းရေးရုံးရဲ့ စီမံကိန်းညွှန်ကြားရေးမှူး John Ging တို့ဟာ မကြာသေးခင်ကသွားတဲ့ ရခိုင်ပြည်နယ်ခရီးစဉ် အတွင်း သူတို့ လေ့လာတွေ့ရှိခဲ့တာတွေနဲ့ပတ်သက်လို့ သောကြာနေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ကြတာပါ။

ရခိုင်ဘက်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့လည်း သူတို့ တွေ့ဆုံခဲ့ပါတယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အားပေးတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အထူးသဖြင့် အာရုံစိုက်မှုနဲ့အတူ ရခိုင်ပြည်နယ် တ၀န်း ဆင်းရဲမွဲတေမှု ပပျောက်ရေး အရှိန်မြှင့် လုပ်ဆောင်ဖို့လိုတယ်လို့ မစ္စတာ Xu ကပြောပါတယ်။ လူမှုအ၀န်းအ၀ိုင်းအားလုံး ရဲ့ လိုအပ်ချက်တွေကို ပြည့်မီတဲ့အချိန်မှသာ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ရနိုင်ပါမယ်လို့လည်း သူကဆိုပါတယ်။

လုံလောက်တဲ့ ဖွံ့ဖြိုးတိုးတက်မှု မရှိတာဟာ ပဋိပက္ခဖြစ်ရတဲ့ အခြေခံအကြောင်းရင်းတခုဖြစ်ပေမယ့် ဖွံ့ဖြိုးတိုးတက်မှုတခုတည်းနဲ့ မလုံလောက်ဘူးဆိုတာကတော့ သေချာပါတယ်လို့ မစ္စတာ Ging ကလည်းပြောပါတယ်။ ပဋိပက္ခအတွက် အဖြေတခုကိုရှာဖို့ စိတ်အားထက်သန်ကြတဲ့ ပြည်ထောင်စုနဲ့ဒေသဆိုင်ရာအဆင့် အစိုးရတာဝန်ရှိသူတွေနဲ့ သူတို့ ဆွေးနွေး ပြောဆိုခဲ့တယ်လို့ မစ္စတာ Xu နဲ့ မစ္စတာ Ging တို့ကပြောကြပါတယ်။


စစ်တွေမြို့၊ အုန်းရေပေါ်ကျေးရွာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့်အတူ ရပ်မိရပ်ဖများနှင့် တွေ့ဆုံနေသည့် မစ္စတာ Haoliang Xu နှင့် မစ္စတာ John Ging


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ