Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 2, 2014

ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ရေကြောင်းရဲတပ်ဖွဲ့တွေ တိုးချဲ့ချထားမည်

ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက်မှာ ရေကြောင်း ရဲတပ်ဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်က ဒီနေ့ ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံမဟာဗျူဟာစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ အခုလိုထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။

"နတ်မြစ်ကြောင်းနဲ့ မြစ်ကြောင်းများလုံခြုံရေးအတွက် တပ်မတော်ရေမှ လိုအပ်သကင်းလှည့်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ကြိုတင်ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ကျောက်ဖြူ၊ စစ်တွေနဲ့ သံတွဲမြို့များမှာ ရေကြောင်းရဲတပ်ဖွဲ့များအား သင့်လျော်တဲ့ဖွဲ့စည်းပုံများဖြင့် ဖွဲ့စည်းသွားရန် ဘူးသီးတောင်မြို့အပေါ် ကုလားတန်မြစ်အတွက် စစ်တွေမြို့မြစ်ကြောင်းပေါ် ဘူးသီးတောင်မြို့ကိုအခြေပြုပြီး ရေကြောင်းရဲတပ်ဖွဲ့များဖွဲ့စည်းသွားရန်၊ တပ်မတော်နဲ့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့တို့မှ သင့်လျော်သည့်ရေကြောင်းယာဉ်များဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်သွားရန်၊ တရားမဝင်ခိုးဝင်လာသူများကို ကာကွယ်ရန်နဲ့ ခိုးဝင်လာသူများကို ပိတ်ပင်ရန်အတွက် ရေကြောင်းရဲတပ်ဖွဲ့ဝင်များကို လိုအပ်တဲ့လက်နက်အပြည့်အစုံတပ်ဆင်ပေးရန် နတ်မြစ်နဲ့ ပင်လယ်ကမ်းရိုးတန်းတလျောက် ဝင်ပေါက်ထွက်ပေါက်များကို ထိရောက်စွာထိန်းသိမ်းကြပ်မတ်နိုင်ရေး ရကသများမှ လုံခြုံရေးဆောင်ရွက်သွားရန်တို့ပါဝင်ပါတယ်"

ရခိုင်ပြည်နယ် လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့နိုင်ငံသားစိစစ်ရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး စတဲ့အချက်တွေပါဝင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံမဟာဗျူဟာစီမံကိန်းနဲ့ပတ်သက်ပြီး နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်က ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းခဲ့တာကို လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ