ဟောင်ကောင်တွင် လွတ်လပ်သော ရွေးကောက်ပွဲကျင်းပပေးရန် စက်တင်ဘာ ၂၂ ရက်နေ့မှစ၍ ကျောင်းသား ကျောင်းသူများဦးဆောင်ကာ ဆန္ဒထုတ်ဖော်နေကြ ခြင်းဖြစ်သည်။
တရုတ်အစိုးရသည် လက်ရှိအချိန်တွင် တစ်နိုင်ငံ စနစ်နှစ်မျိုးဖြင့် အုပ်ချုပ်လျက်ရှိပြီး ဟောင်ကောင်ဒေသအား အတိုင်းအတာတစ်ခုအထိ ဒီမိုကရေစီ အခွင့်အရေးများ ပေးအပ်ထားသည်။
၂၀၁၇ တွင် နိုင်ငံတကာ စံချိန်စံနှုန်များနှင့်အညီ ရွေးကောက်ပွဲကျင်းပပေးသွား မည်ဟု ဟောင်ကောင် အာဏာပိုင်များက ကတိပြုထားသည်။ သို့သော်လည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူများကို တရုတ်အစိုးရ ကသာရွေးချယ်ပေးမည်ဖြစ်ရာ ယင်းကို မကျေမနပ် ဆန္ဒပြနေကြခြင်းဖြစ်သည်။
ဆန္ဒပြပွဲတွင် ကျောင်းသား ၈၀၀၀၀ ခန့် ပါဝင်နေကြသော်လည်း ကျောင်းစာ များကို မပျက်မကွက် လေ့လာနေကြရာ ပညာရေးသည် ဒီမိုကရေစီရေးကဲ့သို့ပင် အရေးပါသည်ကို ပြသလိုက်ခြင်းဖြစ်ပါကြောင်း မက်ထရိုသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။




































No comments:
Post a Comment