Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

ဖခင်ဖြစ်သူ၏ ရိုက်နှက်မှုကြောင့် သားဖြစ်သူ သေဆုံး

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အေးချမ်းသာ ကျေးရွာ၌ အောက်တိုဘာ ၁ ရက် ညပိုင်းက ဖခင်ဖြစ်သူ က သားဖြစ်သူကို တောင်ဝှေးဖြင့် ရိုက်နှက် ခဲ့ရာ သားဖြစ်သူမှာ သေဆုံးသွား ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အေးချမ်းသာကျေးရွာအုပ် ချုပ်ရေးမှူး ဦးအောင်တင်က လဲကန်ရဲကင်း စခန်းသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြား ခဲ့သည်။ ထို့နောက် သေဆုံးမှုဖြစ်ပွားရာ နေရာသို့ ရဲကင်းစခန်းမှူး ဒုတိယရဲအုပ်ချစ် ဆန်းမောင်နှင့်အဖွဲ့ သွားရောက်၍ စစ်ဆေး ခဲ့ကြသည်။

အဆိုပါဖြစ်စဉ်မှာ ၎င်းကျေးရွာနေ ကိုဟန်ထွန်းမှာ ညီမဖြစ်သူ၏ လုပ်အားခ ငွေများဖြင့် မိသားစုစားသောက်ရန် ဝယ်ယူ ထားသည့် ဆန်အိတ်ကို အရက်ဖြင့်လဲ၍ သောက်ရန်ပြုလုပ်နေစဉ် ဖခင်ဖြစ်သူမှ ဟန့် တားခဲ့ရာ ၎င်း၏ ဖခင်ကိုင်ဆောင်သော တောင်ဝှေးအား လုယူ၍ ဖခင်၏ကျောကို ရိုက်နှက်ခဲ့သည်။

ဖခင်ဖြစ်သူက သားဖြစ်သူထံမှ တောင်ဝှေး အား ပြန်လည်လုယူကာ သားဖြစ်သူကို ရိုက် နှက်လိုက်ရာ သားဖြစ်သူ ကိုဟန်ထွန်းမှာ နေအိမ်လှေကားရင်းတွင် လဲကျသေဆုံးသွား ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပုလဲ မြို့မရဲစခန်းက အမှုကြီးဖြစ်စဉ်အမှတ် ၄/၂ဝ၁၄(ပ) ၁၇၅/၂ဝ၁၄ ပုဒ်မ ၃ဝ၂ အရ အမှုရေးဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ