Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 24, 2014

အဆုံးမရှိ လျှပ်စစ်စွမ်းအင် မွတ်သိပ်မှုသံသရာ


မြန်မာနိုင်ငံတွင်သာမဟုတ် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း လျှပ်စစ်စွမ်းအင် (လျှပ်စစ်ဓာတ်အား) လိုအပ်မှု၊ မလုံလောက်မှုများ ဖြစ်ပေါ်နေလျက်ရှိသည်။ လူသားများ၏ နေထိုင်ရှင်သန်မှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတို့အတွက် အခြေခံတွန်းအားပေး မောင်းနှင်နိုင်သော စွမ်းအားမှာ လျှပ်စစ်ဓာတ်အားသာဖြစ်သည်။ လျှပ်စစ်စွမ်းအား လိုအပ်ချက် ကြီးထွားလာသည်နှင့်အမျှ တိုးတက်ထုတ်လုပ်မှုဖြစ်စဉ်ကို ရှိရင်းစွဲအတိုင်း ထိန်းထားနိုင်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ရမှု၊ စွမ်းအားအရည်အသွေးနှင့် ဓာတ်အားရရှိရေးအပေါ် ယုံကြည်အားထားနိုင်မှုစသည်တို့မှာ မရေမရာစိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလာနေပြီဖြစ်သည်။
လျှပ်စစ်ဓာတ်အားသုံးစွဲမှုဝန် ပမာဏကြီးထွားလာသည်နှင့်အမျှ လက်ရှိတည်ဆောက်ထားပြီး ဖြစ်သည့် ဓာတ်အားပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးစနစ်တို့မှာ လုပ်ဆောင်ချက် ကန့်သတ်မှုများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ သို့အတွက်ကြောင့်လည်း ဒီဂျီ (DG- Distributed Generation)ခေါ် လျှပ်စစ်ဓာတ်အား ဖြန့်ဝေထုတ်လုပ်ခြင်း စနစ်တည်းဟူသော စနစ်သစ်တစ်ရပ် ပေါ်ထွန်းလာရခြင်း ဖြစ်ပေသည်။ ဤဒီဂျီစနစ်သည် လက်ရှိစွမ်းအားကွန်ကွက် (မဟာဓာတ်အားလိုင်း) ကို ကျားကန်ပံ့ပိုး ပေးနိုင်သည့်စနစ် တစ်ခုဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ဓာတ်အားဖြန့်ဝေ ထုတ်လုပ်ခြင်းစနစ် (Distributed Generation) တစ်ခုတွင် မြို့ နယ်နှင့် ဆင်ခြေဖုံး အစွန်အဖျားတို့ရှိ အဓိက သော့ချက်နေရာတို့၌ တည်ဆောက်ထားသော ၂ မှ ၅ဝ မဂ္ဂါဝပ်ထိ လျှပ်ထုတ်စက် (Generator) အသေးစားများပါဝင်သည်။ ယင်းသို့ တည်ဆောက်ထားခြင်းဖြင့် မနီးမဝေးရှိ သုံးစွဲသူများအား ဓာတ်အားပို့လွှတ်ပေးနိုင်သည်။ တစ်ဖန်ဓာတ်အားပျံ့နှံ့ ထုတ်လုပ်ခြင်းစနစ် (Dispersed Generation) မျိုးတွင်မူ လူနေအိမ်နှင့် အသေးစားလုပ်ငန်း၊ ရုံးများအတွက် ရည်ရွယ်သော ကီလိုဝပ် ၅ဝဝ စက်များဖြင့် ပို့လွှတ်ပေးခြင်း ပါဝင်သည်။ ဒီဇယ်ဆီသုံး လျှပ်ထုတ်စက်မျိုးမှာ သမားရိုးကျစက်ဖြစ်သည့် အားလျော်စွာ ယင်းကို အရေးပေါ်ကိစ္စ အတွက်သာ အသုံးပြုကြတော့၏။ စွမ်းရည်နိမ့်ကျလျက် အသံဗလံဆူညံပြီး အခိုးအငွေ့များစွာ ထွက်သဖြင့် ယနေ့ခေတ်တွင် အသုံးပြုမှုမရှိသလောက် ဖြစ်နေပြီ။ ဓာတ်အားဖြန့်ဝေ ထုတ်လုပ်ခြင်းနည်းစနစ်၏ အထူးအရေးပါသော ကဏ္ဍတစ်ခုမှာ ပြန်လည်ဖြည့်ဆည်းနိုင်သော စွမ်းအင် (Renewable Energy) ကဏ္ဍပင်ဖြစ်၏။ ထိုစွမ်းအင် အရင်းအမြစ်တို့မှာ ညစ်ညမ်းမှုကင်း၍ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ဖိုတိုဗို့လ်တိတ် (Photovoltaic) သို့မဟုတ် နေစွမ်းအင်သုံး ကိရိယာများ၊ လေစွမ်းအင်သုံး လျှပ်ထုတ်စက်များ၊ လောင်စာဓာတ်အိုး (Fuel Cell) တို့ ဖြစ်ကြ၏။ နိုင်ငံအစိုးရများ၊ အဖွဲ့အစည်းများသည် နေစွမ်းအင်ခေါ် ဖိုတိုဗို့လ်တိတ် ကိရိယာများ၊ လောင်စာဓာတ်အိုးများ၊ ဓာတ်ငွေ့သုံးမိုက်ခရို တာဘိုင် (Microturbine) များနှင့် လေစွမ်းအင်သုံးစနစ်များအား တွင်ကျယ်စွာ အသုံးပြုတပ်ဆင်လာနေခြင်း အကြောင်းရင်းမှာ အခြားဓာတ်အားထုတ်လုပ်မှု နည်းစနစ်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမည်ကို စိုးရိမ်ကြခြင်းကြောင့် ဖြစ်သည်။ ဒီဂျီ ခေါ် ဓာတ်အားဖြန့်ဝေ ထုတ်လုပ်ခြင်းစနစ်ကို နည်းလမ်းနှစ်မျိုးဖြင့် လုပ်ဆောင်လေ့ရှိကြ သည်။ ပထမနည်းလမ်းမှာ သီးခြားတည်ရှိပုံစံ(Island Mode) နှင့် နောက်နည်းလမ်းတစ်မျိုးမှာ စွမ်းအားကွန်ကွက် ချိတ်ဆက်ပုံစံ (Grid connected Mode) တို့ဖြစ်၏။ စွမ်းအားကွန်ကွက် (မဟာဓာတ်အားလိုင်း) နှင့် မချိတ်ဆက်ဘဲ တသီးတခြား ဓာတ်အားထုတ်လုပ်ပါက ဓာတ်အားသုံးသော ဝန်၏ပမာဏ အပြောင်းအလဲ မြန်ဆန်မှုအား ပြန်လည်တုံ့ပြန် ထိန်းကျောင်းနိုင်သော မြင့်မားသည့် လျှပ်စစ်စွမ်းအား အရည်အသွေးရှိရန် လိုပေသည်။ ထို့ပြင် အသုံးမပြုသော အချိန်တွင် ဓာတ်အားကို သိုလှောင်ထားရန် စီမံပေးထားရမည်ဖြစ်သည်။ ပင်မဓာတ်အားလိုင်းနှင့် ချိတ်ဆက်ရသည့် ဒီဂျီစနစ်မျိုးတွင်မူဒီဂျီနှင့် ပင်မဓာတ်အားလိုင်းအကြား ကြားခံအဖြစ် အင်ဗာတာ (Inverter) ခေါ် ဒီစီမှ အေစီသို့ ပြောင်းပေးသော ကိရိယာတပ်ဆင်ပေးထားရန် လိုသည်။ ယခုအခါ ဒီဂျီစနစ်များကို သီးခြားတည်ရှိ ပုံစံထက် ပင်မဓာတ်အားလိုင်းနှင့် ချိတ်ဆက်ထားမှုပုံစံအား ပိုမိုအသုံးပြု လာကြသည်ကို တွေ့ရ၏။ ယင်းသို့ ပိုမိုအသုံးပြုလာရခြင်းမှာ ဒီဂျီစနစ်က ဓာတ်အားထုတ်လုပ်မှု မရှိသည့် အချိန်တွင် ပင်မလိုင်းမှ ဓာတ်အားရယူသုံးစွဲ နိုင်သောကြောင့် ဖြစ်သည်။ စွမ်းအင်သိုလှောင်သော ကိရိယာများ ထားရှိရန်လည်း မလိုအပ်သောကြောင့် ပို၍အကုန်အကျ သက်သာစေမည် ဖြစ်သည်။ ကမ္ဘာ့ဘဏ် အကူအညီဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် (National Electrification Plan) အရ ၂ဝ၃ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အကောင်အထည်ဖော်မည်ဟု သတင်းတစ်ပုဒ်တွင် ဖတ်ရသည်။ အဆိုပါစီမံချက်တွင် စွမ်းအားကွန်ကွက်မှ ဖြန့်ဖြူးခြင်း၊ သီးခြားဓာတ်အားကွန်ရက်မှ ဖြန့်ဖြူးခြင်းနှင့် ဒေသအလိုက် ဖြန့်ဖြူးခြင်း၊ သီးခြားအစီအစဉ်ဖြင့် ဖြန့်ဖြူးခြင်းစသည့် အစီအစဉ်များ ရေးဆွဲထားသည် ဆိုသည်။ ဤဆောင်းပါးရေးခြင်း၏ ရည်ရွယ်ချက်မှာ ဓာတ်အားကွန်ရက် မရောက်နိုင်သည့် နေရာဒေသများ၊ အလှမ်းဝေးသည့် ဒေသများအတွက် ဒီဂျီစနစ်ဖြင့် စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ရန် တိုက်တွန်းလိုသော ရည်ရွယ်ချက်ဖြစ်သည်။ ယင်းအတွက် များစွာအကျိုး ဖြစ်ထွန်းရန်ရှိသော်လည်း သက်ဆိုင်ရာ ဖွဲ့စည်းထားပြီးဖြစ်သော အမှုဆောင်ကော်မတီ၏ လမ်းညွှန်မှု၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဖော်ဆောင်ခြင်း ပွင့်လင်းမြင်သာရှိမှု အတိမ်အနက် အပေါ်၌လည်း တည်မှီနေသေးသည်။ မြန်မာနိုင်ငံ၏ အနာဂတ် လျှပ်စစ်စွမ်း အင်လုံလောက်စွာ ရရှိနိုင်မှုသည် လွန်ခဲ့သည့် အနှစ် ၆ဝ ကျော်က ဂျပန်နှင့် ဖက်စပ်တည်ဆောက်ခဲ့သော ဘီလူးချောင်းရေအားလျှပ်စစ် စက်ရုံအပါအဝင် လည်ပတ်လျက်ရှိသော ရေအားလျှပ်စစ်စက်ရုံများနှင့် ဒီးဒုတ်၊ အလယ်ပေါင်းလောင်း၊ အလယ်ရဲရွာနှင့် ဘောဂထချောင်းစီမံကိန်းတို့၏ စက်တပ်ဆင်အား မဂ္ဂါဝပ်အားလုံး စုပေါင်းလိုက်လျှင်ပင် လုံလောက်ဦးမည်မဟုတ်ပေ။ သို့အတွက်ကြောင့် အမေရိကန်နိုင်ငံက မဂ္ဂါဝပ် ၃ဝဝ ရှိ ဆိုလာစွမ်းအင် သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ရုံကို ကူညီတည်ဆောက် ပေးသွားမည့် သတင်းတစ်ခုသည် မြန်မာအတွက် ခြွင်းချက်မရှိ ကြိုဆိုလက်ခံရမည့် ကမ်းလှမ်းချက် တစ်ရပ်အဖြစ် မှတ်ယူရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝကို များစွာထိခိုက် ပျက်စီးစေမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းကိုမူ ဒေသခံပြည်သူ အများစုက လက်ခံနိုင်လိမ့်မည်မဟုတ်။ အချို့နိုင်ငံများတွင်ပင် လျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် ပို့လွှတ်လိုင်း (Transmission Line) တည်ဆောက်ခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်အား လူထုဆန္ဒအရ ကန့်သတ်မှု ပြုလုပ်လာကြသည်ကို တွေ့မြင်ရပြီဖြစ်သည်။ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းနှင့် ကမ္ဘာကြီး ပူနွေးလာခြင်းစသည့် ဆိုးကျိုးများအား ဖယ်ရှားနိုင်ရန် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၂ဝ ကို ပြန်လည်ဖြည့်ဆည်းနိုင်သော စွမ်းအင်အရင်းအမြစ် (နေ၊ လေစွမ်းအင်) တို့မှတစ်ဆင့် ထုတ်လုပ်ရန် တရားဝင် သတ်မှတ်လာကြပြီဖြစ်သည်။ အဆိုပါ နေ၊ လေ ဓာတ်ငွေ့စွမ်းအင်ကို အသုံးပြုလျက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ဖြစ်စဉ်သည် အခြားမဟုတ်၊ ဒီဂျီ ခေါ် လျှပ်စစ်ဓာတ်အား ဖြန့်ဝေထုတ်လုပ်ခြင်း ဖြစ်စဉ်ပင် ဖြစ်နေပါတော့သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ