Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 25, 2014

မန္တလေးဆေးရုံကြီးပေါ် လိုက်လံခိုးယူနေသူကို ဖော်ထုတ်ဖမ်းဆီးရမိ

မန္တလေး အောက်တိုဘာ ၂၄

မန္တလေးခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစိတ် တာဝန်ခံရဲအုပ် ကြည်ဇင်ဦးစီးသည့် အဖွဲ့၏ စစ်ဆေး ဖော်ထုတ်ချက်အရ ကွင်းဆက်ခိုးမှု ခြောက်မှု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ရဲအုပ်ကြည်ဇင်နှင့်အဖွဲ့သည် အောက်တိုဘာ ၉ ရက် ညနေပိုင်း က ၂၂ လမ်း ၉ဝx၉၁ လမ်းကြားတွင် စိုးသူခိုင်(ခ)ဂျမားကို Huawei အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိ၍ မန္တလေးခရိုင်ရဲတပ်ဖွဲ့ မှူးရုံးသို့ ခေါ်ဆောင်ကာ သက်သေများရှေ့တွင် စစ်မေးရာ ပိုင်ဆိုင်ကြောင်းအထောက်အထားတစ်စုံ တစ်ရာပြသနိုင်ခြင်းမရှိသည့်အပြင် အဆိုပါဖုန်းအား အောက်တိုဘာ ၇ ရက် ညနေ၃ နာရီက မန္တလေးပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ ခွဲစိတ်ဆောင်အတွင်း အိပ်ပျော်နေသည့် လူနာစောင့်အမျိုးသားတစ်ဦး၏ အိတ်ကပ်အတွင်းမှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သဖြင့် အမှတ်(၈)မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ကွင်းဆက်အမှုများကို စစ်မေးရာ အောက်တိုဘာလ (နေ့ရက်မမှတ်မိ) နံနက် ၃ နာရီခွဲက မန္တလေးပြည်သူ့ဆေးရုံကြီး ခွဲစိတ်ဆောင်(၂)အတွင်း အားသွင်းထားသည့် Huawei အဖြူရောင် လက်ကိုင်ဖုန်းတစ်လုံးကို လည်းကောင်း၊ စက်တင်ဘာ ၂၇ ရက် နံနက် ၄ နာရီက ဖျားနာဆောင်(၃) အရှေ့ဘက်တွင် လူနာစောင့်ရင်း အိပ်ပျော်နေသည့်အမျိုးသမီးထံမှ OPPO အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးကို လည်းကောင်း၊ စက်တင်ဘာလ(နေ့ရက်မမှတ်မိ) နံနက် ၄ နာရီက ဖျားနာဆောင်အောက်ထပ်တွင် အားသွင်းထားသော Huawei လက်ကိုင်ဖုန်းတစ်လုံးကို လည်းကောင်း၊ စက်တင်ဘာ၂၇ ရက် နံနက် ၄ နာရီခန့်က ဖျားနာဆောင်(၁)ဘေးရှိနားနေဆောင်အတွင်း အိပ်ပျော်နေသည့် အမျိုးသားတစ်ဦး၏ အိတ်ကပ်အတွင်းမှ Huawei အမျိုးအစားလက်ကိုင်ဖုန်းတစ်လုံးအားလည်းကောင်း၊ အောက်တိုဘာ လ (နေ့ရက်မမှတ်မိ) နံနက်၎ နာရီ ခန့်က ခွဲစိတ်ဆောင်ဒုတိယထပ်ရှိ ညစောင့်များနားနေသည့် ခုံတန်းလျားပေါ်တင်ထားသော ဂျင်းအိတ်အတွင်းမှ Huawei အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် မန္တလေးမြို့အမှတ်(၈)မြို့မရဲစခန်းတွင် စိုးသူခိုင် (ခ)ဂျမားကို ခိုးမှုခြောက်မှုအတွက် အမှုဖွင့်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ