Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 2, 2014

ဟောင်ကောင်ဆန္ဒပြပွဲ မြန်မာနိုင်ငံပိုင်မီဒီယာ မျက်ကွယ်ပြု

ဒေသတွင်းမှာရော နိုင်ငံတကာပါ ထိပ်တန်းရောက်နေတဲ့ သတင်းတပုဒ်ဖြစ်တဲ့ ဟောင်ကောင်ကျောင်းသားတွေ ဆန္ဒပြမှုကို မြန်မာနိုင်ငံပိုင် သတင်းစာတွေမှာ လုံးဝ ထည့်သွင်း ဖော်ပြတာမျိုး မရှိပါဘူး။

နိုင်ငံပိုင်သတင်းစာတွေအနေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးသတင်းတွေ ကို ဖော်ပြရာမှာ အဓိပ္ပါယ်တမျိုး သက်ရောက်မှာစိုးလို့ ထိန်းထိန်းသိမ်းသိမ်း ဆောင် ရွက်ရတယ်လို့ မြန်မာပြန်ကြားရေးဝန်ကြီးက ဗွီအိုအေကို ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဟောင်ကောင်မှာ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲတွေ လုပ်ခွင့်ပေးဖို့ဆိုပြီးတော့ “ထီးတော်လှန်ရေး” ဆိုပြီး တင်စားခေါ်နေတဲ့ ကျောင်းသားတွေ ဆန္ဒပြမှုဟာ ဒေသတွင်းမှာရော နိုင်ငံတကာ သတင်းစာတွေမှာပါ ထိပ်တန်းရောက်နေတဲ့ သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ပုဂ္ဂလိက သတင်းစာတွေ၊ ဂျာနယ်တွေမှာ ဟောင်ကောင်ကျောင်းသားတွေ ဆန္ဒပြမှုတွေကို ရေးသားဖော်ပြကြပေမဲ့၊ နိုင်ငံပိုင် သတင်းစာတွေမှာတော့ လုံးဝ ထည့်သွင်းရေးသားမှု မရှိသေးပါဘူး။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ နိုင်ငံပိုင်သတင်းစာတွေအနေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စတွေ ရေးသားဖော်ပြရာမှာ ထားရှိတဲ့ မူဝါဒဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“မဟုတ်ဘူးဗျ။ ကျနော်တို့က တချို့ကိစ္စတွေမှာတော့ အယ်ဒီတိုရီယယ် မူဝါဒဖြစ်တဲ့အတွက်ကြောင့် တချို့ကိစ္စတွေမှာတော့ ကျနော်တို့ မဖော်ပြပါဘူး။ တချို့နိုင်ငံတွေရဲ့ သူ့ရဲ့ပြည်တွင်းရေး အခြေအနေကို ဖော်ပြလိုက်လို့ရှိရင် အဓိပ္ပါယ်တမျိုး သက်ရောက်သွားနိုင်တယ်လို့ ယူဆစရာ အကြောင်းရှိတဲ့အချိန်မှာ ဒီနိုင်ငံပိုင်မီဒီယာ အယ်ဒီတာအဖွဲ့တွေက အဲ့ကိစ္စမျိုးကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်တာရှိပါတယ်။”

မေး။        ။ ဒါ အရင်ရှိထားပြီးတဲ့ မူဝါဒပဲလား။

ဖြေ။        ။ “ဟုတ်ကဲ့။ ဟိုတုန်းကတည်းကဗျာ ကျနော်တို့ကတော့ တခုကဗျာ အများပြည်သူဝန်ဆောင်မှု မီဒီယာကို ပြောင်းနေတယ်ဆိုပေမဲ့ တကယ်ကျတော့ အခုက နိုင်ငံပိုင်အဆင့်မှာပဲ ရှိနေသေးတဲ့အတွက်ကြောင့်မို့ ကျနော်တို့က နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြလိုက်ခြင်းသည် တခါတလေမှာ အဲ့ဒါကို ကျနော်တို့ အစိုးရအနေနဲ့ သဘောတူတယ်လို့ ဖြစ်သွားနိုင်စရာရှိတဲ့ ကိစ္စမျိုးမှာဆိုရင် ကျနော်တို့က ဘယ်နိုင်ငံရဲ့ ပြည်တွင်းကိစ္စမဆို ကျနော်တို့က အဲ့ဒါကို အယ်ဒီတာအဖွဲ့တွေက တွက်ချက်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်တာပါ။”

မြန်မာစာနယ်ဇင်းကောင်စီ အတွင်းရေးမှူးလည်းဖြစ် the Voice သတင်းဂျာနယ် အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဦးကျော်မင်းဆွေကတော့ ဒါဟာ ပြန်ကြားရေးဝန်ကြီးအသစ်ရဲ့ မူဝါဒဖြစ်မယ်လို့ ယူဆပါတယ်။

“အဲ့ဒါတော့ ကျနော်ထင်တယ်။ အခုဝန်ကြီးအသစ်ရဲ့ ပေါ်လစီနဲ့ ပိုဆိုင်မယ်ထင်တယ်ဗျ။ အရင်ကတော့ အဲ့လိုထည့်ပါတယ်။ အရင်က အခြေအနေလေးတွေ။ ဥပမာ - ထိုင်းမှာဖြစ်တဲ့ကိစ္စမျိုးလေးတွေ ဘာတွေဆိုရင်။ အဲ့ဒါကတော့ အရင်ကတော့ တရုတ်နဲ့ပတ်သက်လို့ရှိရင်ကတော့ ဟို တရုတ်က၀င်တဲ့ ကျန်းမာရေးနဲ့ မညီတဲ့ကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေ၊ cosmetics တွေကသာ ဖော်ပြခွင့်မရခဲ့ဘူး။ အခုကတော့ --- စနစ် အစိုးရပြောင်းပြီးတော့ နောက်ပိုင်းတော့ တော်တော်များများ ရပါတယ်။ အခု ပြီးခဲ့တဲ့ဝန်ကြီး ဦးအောင်ကြည် လက်ထက် သတင်းစာတွေကတော့ တော်တော် များများ ဖော်ပြပါတယ်။ ပုံမှန်အားဖြင့်။ သူထည့်တဲ့စာမျက်နှာကတော့ တမျိုးပေါ့နော်။”

မြန်မာအစိုးရပိုင် သတင်းစာတွေကို အများပြည်သူဝန်ဆောင်မှု မီဒီယာကို ပြောင်းလဲသွားမယ်လို့ တာဝန်ရှိသူတွေက ကြေညာထားတာပါ။ ဒါပေမဲ့လည်း အစိုးရပိုင် သတင်းစာတွေ သတင်းဌာနတွေအနေနဲ့ အများပြည်သူ စိတ်ဝင်စားမယ့် သတင်းမျိုးတွေကို အခုအချိန်အထိ မဖော်ပြပေးနိုင်ဘူးလို့ ဦးကျော်မင်းဆွေက ဝေဖန်ပါတယ်။

“တကယ်တမ်းဆိုရင် ဒီကောင်က သတင်းပဲလေ။ ဖြစ်နေတဲ့ကိစ္စမှာ တကမ္ဘာလုံးက ဟိုက်လိုက်လုပ်နေတာ။ မျက်နှာဖုံးသတင်းအဖြစ်နဲ့ ဖော်ပြနေတာပဲ။ မဖော်ပြဘူးဆိုရင်တော့ ဒါ တခုခု မှားနေတာပေါ့။ နည်းနည်း ပြည်သူလူထု သိချင်နေတဲ့ ကိစ္စတွေ။ ဥပမာ - လက်ပန်းတောင်းမှာ ပြီးခဲ့တဲ့ မနေ့ကပေါ့နော် လက်ပန်းတောင်းမှာ အဖမ်းခံရတဲ့ ကျောင်းသူမိန်းကလေး လွှတ်ပေးဖို့ ဆန္ဒပြတာမျိုး၊ ဒါမျိုးတွေဆိုရင် မဖော်ပြဘူးလေ။ ပုဂ္ဂလိကသတင်းစာနဲ့တော့ ခြားခြားနားနား ရှိနေတဲ့ပုံပါ။ ဘာလို့လဲဆိုတော့ သူက ၀န်ကြီးဌာန သူ့ရဲ့ မူဝါဒနဲ့ အရင်တုန်းက မူဝါဒနဲ့ မတိမ်းမယိမ်းပေါ့ သွားနေသေးတယ်လို့ ကျနော်တို့ကတော့ မြင်ပါတယ်။”

မြန်မာနိုင်ငံပိုင် သတင်းစာတွေကနေ နိုင်ငံတကာသတင်းတွေကို ဖော်ပြရာမှာ အထူးအားဖြင့် တရုတ်နိုင်ငံ ပြည်တွင်းရေးသတင်းတွေကို အရင်ကတည်းက သတိထား ရေးသားလေ့ ရှိတာပါ။ အခု ဟောင်ကောင် ကျောင်းသားဆန္ဒပြမှုအပေါ် တရုတ်အစိုးရဘက်ကတော့ တရားမ၀င်တဲ့ လှုပ်ရှားမှုဖြစ်တယ်ဆိုပြီး သုံးနှုန်းဖော်ပြ သလို၊ ဒီလှုပ်ရှားမှုအကြောင်း တရုတ်ပြည်တွင်း သတင်းတွေမှာလည်း လုံးဝ အမှောင်ချထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ