Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 27, 2014

ကမ္ဘာတိုင်အောင် ကျော်ကြားလာသည့် မြန်မာ့အလှ ရှင်မတောင် သနပ်ခါး

ပခုက္ကူ ဒေသသည် ယခင်က သွားလာမှု ခက်ခဲသည်။ မန္တလေး သွားလိုလျှင် မြင်းခြံသို့ မော်တော် တစ်တန် မြင်းလှည်း တစ်တန် သွားရသည်။ ရန်ကုန် သွားချင်လျှင် မော်တော် စီး၍ ညောင်ဦးမှ တစ်ဆင့် လိုရာ ခရီးကို သွားကြရသည်။ ဇက် နှင့် တစ်ဖုံ ၊ စက်လှေ နှင့် တစ်မျိုး သွားလာခဲ့ ရသည်။ အချို့က ပခုက္ကူမြို့ ကို " ဆူးကြားထဲက နှင်းဆီမြို့ " ဟု တင်စား ခေါ်ကြသည်။ ပခုက္ကူ ဒေသသည် နယ်ပယ် ကျယ်ဝန်းသည်။ သီးနှံ ၊ သယံဇာတ ပေါများသည်။ ဘာသာ သာသနာ ထွန်းကားသည်။ လူပုဂ္ဂိုလ် ၊ ရဟန်း ပုဂ္ဂိုလ် ၊ ပညာရှင်များ ပေါ်ပေါက်ရာ မှီတင်း နေထိုင်ရာ ဒေသလည်း ဖြစ်သည်။ ယနေ့ ခေတ်အခါတွင် ဆင်ဖြူရှင် - ဧရာဝတီ မြစ်ကူးတံတား ကြီးကြောင့် မြို့ပြ လူနေမှု အဆင့်အတန်း မြင့်လာသည်။ သွားလမ်း လာလမ်း လွယ်ကူလာသည်။

မကြာခင် ကောင်းကင်လမ်းပါ အဆင်ပြေလာမည် ဆိုလျှင် နှင်းဆီမြို့ သည် အတိုင်းထက် အလွန် ဖွံ့ဖြိုး လာမည်မှာ အမှန်ဖြစ်သည်။ ကုန်းလမ်း၊ ရေလမ်း အားကောင်း လာသောကြောင့် လည်းကောင်း၊ တန်ခိုးကြီး ဗုဒ္ဓ ရုပ်ပွားတော်များ ကိန်းဝပ်စံပျော်ရာ ဒေသလည်း ဖြစ်သောကြောင့် ပြည်တွင်း ဧည့်သည် ပြည်ပ ဧည့်သည် များပါ အဝင်အထွက် များလာသည်။ ပခုက္ကူ ဒေသ၏ နာမည်ကျော် ရှင်မတောင် သနပ်ခါးအား လည်း ပြည်တွင်းမှ ဝယ်ယူ အားပေးမှု များလာသည်။ ပခုက္ကူ ရောက်သူတိုင်း အိမ်ပြန် လက်ဆောင် ရှင်မတောင် သနပ်ခါး ကို တစ်ခုတ်တရ ၀ယ်ယူ ကြသည်။ နာမည်ကျော် ရှင်မတောင် သနပ်ခါးအား ပြည်တွင်း ခရီးသည်များသာ ဝယ်ယူသည် မဟုတ်ပါ။ အင်္ဂလန်နိုင်ငံ ဘာမင်ဂန် မြို့သူလေး များကပါ စိတ်ဝင်တစား ဝယ်ယူ နေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင် မှတ်တမ်းတင် မိသည်။ ပခုက္ကူ ဒေသ ရှင်မတောင် သနပ်ခါးသည် မြန်မာကျော် သာမက ကမ္ဘာတိုင်အောင် ကျော်ကြား တော့မည်မို့ ဒေသခံ ပြည်သူ တစ်ဦးပီပီ ဒေသချစ်စိတ် မြန်မာပြည် ချစ်စိတ် နှင့် မြန်မာ့အလှ ရှင်မတောင် သနပ်ခါးအား ဆည်းဆာမှ ဂုဏ်ယူရေးသား တင်ပြ လိုက်ရပါသည်။



မြန်မာ့ ရှင်မတောင်သနပ်ခါး ကို ၀ယ်ယူအားပေး နေသော အင်္ဂလန်နိုင်ငံသူ လေးများကို တွေ့ရစဉ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ