Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 28, 2014

ရွှေနှင့်ရတနာပစ္စည်းတန်ဖိုး ၃၈၆ သိန်းကျော်ခိုးယူသူများဖမ်းမိ

မန္တလေး အောက်တိုဘာ ၂၇

မန္တလေးမြို့တွင် ရွှေနှင့်ရတနာ ပစ္စည်းမျိုးစုံ တန်ဖိုး ၃၈၆ သိန်းကျော် နှင့် အရေးကြီး စာရွက်စာတမ်းများ ထည့်သွင်း သိမ်းဆည်း ထားသည့် မီးခံ သေတ္တာနှင့် အခြားပစ္စည်းများ ခိုးယူ ခံရမှုကို မန္တလေးခရိုင် မှုခင်းနှိမ်နင်း ရေးဌာနစိတ်မှ ဖော်ထုတ် ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့(၆၈)လမ်း (၃၄x၃၅)လမ်းကြားနေ ဒေါ်မြမြဝင်း မိသားစုသည် အောက်တိုဘာ ၅ ရက် ညက အခြားနေအိမ်သို့သွားရောက် အိပ်ခဲ့ကြပြီး အောက်တိုဘာ ၆ ရက် တွင် အိမ်သို့ပြန်ရောက်စဉ် မီးခံ သေတ္တာနှင့်အခြားပစ္စည်းများ ပျောက် ဆုံးနေသည်ကိုတွေ့ရှိရ၍ မန္တလေးမြို့ အမှတ်(၃)နယ်မြေရဲစခန်းတွင် ခိုးယူ သွားသူများအား စုံစမ်းအရေးယူပေး ပါရန် တိုင်ကြားခဲ့သည်။

အမှုနှင့်ပတ်သက်၍ မန္တလေး ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်ကြည်ဇင်က အဖွဲ့ဝင်များဖွဲ့၍ စုံစမ်းခဲ့ရာ အောက်တိုဘာ ၁၆ရက် ညနေ ၃ နာရီခန့်တွင် နေဇင်လတ်(ခ)ဖြူဖွေးနှင့် မဖြိုးသန္တာထွေး(ခ)မဖြိုး တို့သည် အမှုမှ ပျောက်ဆုံးရတနာ အချို့အားရောင်းချရန် မဟာ အောင်မြေမြို့နယ် မန်းမြို့ဈေးအတွင်း ရှိ ရွှေဆိုင်များအား လိုက်လံပြသနေ သည်ကိုသတင်းရရှိသဖြင့် မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူ စစ်ဆေးခဲ့သည်။

စစ်ဆေး ဖော်ထုတ်ချက်အရ အောက်တိုဘာ ၆ ရက် နံနက် ၃ နာရီက နေဇင်လတ်(ခ)ဖြူဖွေး၊ ထွန်း ထွန်းနိုင်(ခ)ဝတုတ်နှင့် မျိုးမင်းသူ (ခ) ဆင်ကြီးတို့သုံးဦးသည် ဆိုင်ကယ် ဖြင့် (၆၈)လမ်း၊ (၃၄x၃၅) လမ်းကြား ရောက်ရှိလာပြီး အိမ်တံခါးပေါက်များ ပွင့်နေကာ ခြံတံခါးသော့ခတ်ထား သော ဒေါ်မြမြဝင်းအိမ်တွင် လူမရှိ သည်ကိုတွေ့ရ၍ ခြံတံခါးသော့ဖျက် ပြီး ဝင်ရောက်ခဲ့ကြောင်း၊ နေအိမ် အပေါ်ထပ်အိပ်ခန်းအတွင်းရှိ မီးခံ သေတ္တာတစ်လုံးနှင့် အောက်ထပ်မှ စက်ဘီးတစ်စီးကို ၄င်းတို့စီးနင်းလာ သည့်ဆိုင်ကယ်ဖြင့် နေဇင်လတ်(ခ)ဖြူဖွေး၏နေအိမ်သို့ ယူဆောင်ခဲ့ ကြောင်း၊ မီးခံသေတ္တာအားတူနှင့်စို့များ အသုံးပြု၍ရိုက်ဖွင့်ပြီး ရွှေထည်နှင့် ရတနာပစ္စည်းမျိုးစုံ၊ ငွေကျပ်ခုနစ်သိန်း ကို ယူဆောင်ခဲ့ကြောင်း၊ ရတနာ အချို့ကို ရောင်းချရန် နေဇင်လတ်(ခ)ဖြူဖွေးနှင့် မဖြိုးသန္တာထွေး(ခ) မဖြိုး တို့ မန္တလေးဈေးသို့လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ စစ်ဆေးဖော်ထုတ် ချက်အရ ကျန်ရှိသောပစ္စည်းများမှ အချို့ကို မူဆယ်မြို့၌ ရောင်းချရန် ထွန်းထွန်းနိုင်(ခ) ဝတုတ်နှင့် ရဲနေမျိုး(ခ)ဦးတီးပွားတို့ ထွက်ခွာသွား ကြောင်းနှင့် ကျန်ရတနာပစ္စည်းများ အားနေဇင်လတ်(ခ)ဖြူဖွေး၏နေအိမ် တွင် မြှုပ်နှံထားကြောင်း စစ်ဆေး သိရှိရ၍ မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ် သင်ပန်းကုန်းရပ်(ကျူး)ညညရပ်တွင် သွားရောက်ရှာဖွေရာ သက်သေခံပစ္စည်းကိုးမျိုးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ ဆက်လက်၍ ရဲအုပ် ကြည်ဇင် ဦးဆောင်သော ရဲအုပ် ဝင်းမင်းထွန်း၊ ရဲအုပ်ဗိုလ်ဗိုလ် အောင်၊ ရဲအုပ်သူရအဖွဲ့သည် အောက်တိုဘာ ၁၇ ရက်က မူဆယ်မြို့သို့ရောက်ရှိပြီး မူဆယ်မြို့ ဇီးကုန်းရပ်ကွက်တွင် ထွန်းထွန်းနိုင်(ခ) ဝတုတ်နှင့် ရဲနေမျိုး (ခ)ဦးတီးပွားတို့ကို အမှုမှ ပျောက်ဆုံးပစ္စည်းများဖြစ်သည့် ရွှေထည်ပစ္စည်းအမျိုး ၂ဝနှင့် ရွှေ/ ကျောက်ရတနာ ၂၁ မျိုးတို့ကို တွေ့ရှိဖမ်းဆီးရမိ၍ သက်သေများ ရှေ့တွင် ရှာဖွေပုံစံဖြင့်သိမ်းဆည်းပြီး ဆက်လက်အရေးယူနိုင်ရန် မန္တလေး မြို့အမှတ်(၃) နယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရ သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ