Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 29, 2014

လိပ်ကျွန်းသူကြီး သတင်းစာရှင်းလင်းပြီး သားဖြစ်သူကို ဒီအန်အေစစ်မည်

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ခိုတောင် (ခေါ်) လိပ်ကျွန်းက သူကြီးလည်းဖြစ်  အေစီဘား ပိုင်ရှင်လည်းဖြစ်တဲ့ နိုင်းဝေါလ်ဖန်း တုဝိချဲဟာ လူမှုကွန်ရက်တွေရဲ့ သံသယကို ချေဖျက်တဲ့အနေနဲ့ ဒီကနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ရှင်းလင်းပွဲမတိုင်ခင် သူဟာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ ရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖမ်းမုန့် နဲ့ အရင်ဆုံး သွားရောက်တွေ့ဆုံပြီး  လူမှုကွန်ရက်မီဒီယာက ခိုတောင်ကျွန်းလူသတ်မှုမှာ သူ့မိသားစု ပါဝင်ပတ်သက်ကြောင်း စွပ်စွဲနေတဲ့အပေါ် ဆွေးနွေးတိုင်ကြားသွားမှာ ဖြစ်ကြောင်း၊ အဲဒီနောက် ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှာ တာဝန်ရှိသူတွေနဲ့အတူ သတင်းစာရှင်းလင်းဖို့ ရှိတယ်လို့  လိပ်ကျွန်းသူကြီးက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် မှုခင်းဆေးပညာဆိုင်ရာအရာရှိတွေ၊ ဗြိတိန်သံရုံးတာဝန်ရှိသူတွေနဲ့ ရဲချုပ်တို့ရှေ့မှာ သားဖြစ်သူရဲ့ ဒီအန်အေကို စစ်ဆေးပြပြီး သံသယတွေ ရှင်းလင်းမယ်လို့ သူကဆက်ပြောပါတယ်။

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုမှာ တရားခံအဖြစ် ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့မိဘတွေက သူတို့သားဟာ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း၊ ရဲတွေက ရိုက်နှက် စစ်ဆေးတာ မခံနိုင်လို့ ၀န်ခံခဲ့ရကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတရေး အတွက် အောက်တိုဘာ ၂၇ ရက်က ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီ တောင်းဆိုချက်တွေ ပေးပို့ခဲ့အပြီး လိပ်ကျွန်းသူကြီးဘက်ကလည်း သတင်းစာရှင်းလင်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က လိပ်ကျွန်းလူသတ်မှု တရားခံအစစ် ဖမ်းဆီးရမိကြောင်း အမှုတွဲကို တည်ဆောက် ပြီးစီးကြောင်း ထုတ်ပြန်ခဲ့ပေမယ့်  ပြည်တွင်းနဲ့ ပြည်ပ လူမှုကွန်ရက် မီဒီယာ အများစုက ဒီအမှုပေါ် သံသယဖြစ်နေကြပါတယ်။

အထူးသဖြင့် လိပ်ကျွန်းလူသတ်မှုအကြောင်း စပြီးတင်လိုက်ကတည်းက like လုပ်သူပေါင်း ၃ သိန်း ၇ သောင်းကျော် ရှိသွားတဲ့ စီအက်စ်အိုင်အယ်လ်အေ (CSI LA)  ဖေ့စ်ဘုတ်စာမျက်နှာhttps://www.facebook.com/CSILA90210  မှာ  အဓိက တရားခံအဖြစ် ကျွန်းသူကြီးရဲ့ သားဖြစ်သူ နုမ်းဆွတ် ခေါ် နိုင်းဝါလ်လုတ့် တုဝီချဲနဲ့တကွ ကျွန်းပေါ်က မာဖီးယားတွေကို အထောက်အထားတွေနဲ့ ပစ်မှတ်ထားတင်ပြနေပါတယ်။



လိပ်ကျွန်းသူကြီး


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ