Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 5, 2014

မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သမ္မတ အမိန့် ဆန့်ကျင်နေဟု ရှမ်း အဖွဲ့တွေပြောကြား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ရှမ်းခေါင်းဆောင်များ အစည်းအဝေးမှာ ရှမ်းပြည် မြောက် ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ စစ်တပ်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပန်ကြားချက်ကို လိုက်နာခြင်း မရှိဘူးလို့ သုံးသပ်ကြောင်း SSA တောင်ပိုင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောင်စိုင်းက RFA ကိုပြောပါတယ်။

ဘန်ကောက်မြို့မှာ အောက်တိုဘာ ၁ ရက်နေ့က စတင် ကျင်းပတဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း၊ မြောက်ပိုင်း နဲ့ ရှမ်းပါတီများဖြစ်တဲ့ ကျားဖြူပါတီနဲ့ ကျားခေါင်း ပါတီတို့ ရဲ့ခေါင်းဆောင်များ ဆွေးနွေးပွဲမှာ ရှမ်းပြည်မြောက်ပိုင်း မှာပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်တွေရဲ့ တိုက်ပွဲတွေနဲ့ ပတ်သက် ပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဗိုလ်မှူးကြီး စိုင်းလောင်စိုင်းက ခုလိုပြောပါတယ်။

" သူတို့ကတော့ အဲ့လိုပြောပါတယ်၊ သမ္မတ ဦးသိန်းစိန်ကတော့ ငြိမ်းချမ်းရေးကို ဖော်ဆောင်လိုတဲ့ စေတ နာတွေကထက်သန်နေတာကိုလည်း တိုင်းရင်းသားတွေအားလုံး သိရှိပါတယ်၊ ၂၀၁၅ ရွေးကောက်ပွဲနီးလာ တဲ့ အချိန်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းအရ ပြန်ပြီးတော့ သုံးသပ်ကြည့်မယ်ဆိုရင် တပ်မတော်ပိုင်း ဘက်က ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပဖို့ မလိုလားတဲ့ပုံစံမျိုး ပေါက်နေသလားလို့၊ ကျွန်တော်တို့ ရှမ်းခေါင်းဆောင် တွေ့ဆုံဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ ကျွန်တော်တို့ SSPP ကခေါင်းဆောင်တွေ လည်း အဲ့လိုသုံးသပ်ပြတယ်"

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ကျေးသီးမြို့နယ်အတွင်းရှိ တာဖါဆောင် တပ်စခန်းကနေ SSA မြောက်ပိုင်းတပ်တွေ ဆုတ်ခွာပေးဖို့ အစိုးရစစ်တပ်က ပြောဆိုခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်က ဒီနေရာမှာ နှစ်ဖက်တပ်များ မနေဖို့ အများပိုင်အနေနဲ့ ထားရှိဖို့ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းမှာ အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ အပြင်းအထန် တိုက်ခိုက်တာကြောင့် တာဖါဆောင်စခန်း တောင်ကုန်းများကနေ ဆုတ်ခွာပေးခဲ့ပြီး ဖြစ်တယ်လို့ SSA မြောက်ပိုင်းတပ်ဖွဲ့တွေကလည်း ပြောပါတယ်။

ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ရှမ်းခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကို ၄ ရက်ကြာကျင်းပတာဖြစ်ပြီး ရှမ်းခေါင်းဆောင် ၄၀ ကျော် တက်ရောက်နေတာဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ