Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

သုံးခွ-တံတား ကတ္တာရာခင်း ကားလမ်း ပြုပြင်ပေးစေလို (ပေးစာ)

သို့

ဆည်းဆာ

အယ်ဒီတာခင်ဗျား..

လူကြီးမင်းမှ တဆင့် တာဝန်ရှိ လူကြီးမင်းများ သိစေ၇န် တင်ပြအပ်ပါသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့နယ်ခွဲ တံတားမြို့သို့ သွားရန် အသုံးပြုသော အရှည် (၇) မိုင်ခန့်ရှိ သုံးခွ-တံတား ကတ္တာရာခင်း ကားလမ်းသည် ခရီးသည် တင်ကားများ အသုံးပြု၍ မရအောင် လွန်စွာ ပျက်စီးချို့ယွင်း လျှက်ရှိပါသည်။

မကြာခင်ကပင် လူငယ်တစ်ဦး ဆိုင်ကယ်မှောက်၍ သေဆုံးခဲ့ရပါသည်။

ဒေသခံလူထုသည် ဤလမ်းကို လူမှုရေး၊ စီးပွားေ၇း၊ ပညာရေးတို့ အတွက် အဓိကထား၍ အသုံးပြု နေရပါသည်။ အထူးသဖြင့် အရေးပေါ် အသက်ကယ် ကျန်းမာရေး ကိစ္စများအတွက် အဓိက အားထား နေရပါ
သည်။

ဒေသခံလူထုသည် ဤလမ်းအား ခရီးသည်ယာဉ်များ အသုံးပြု၍ရအောင် အမြန်ဆုံး ပြုပြင်ပေး စေလိုကြပါသည်။

မကြာခင်က အစိုးရ လမ်းတံတား ဆောက်လုပ်ရေးမှ ကဒပ္ပန-တံတား လမ်းပိုင်း၌ (၇) လက္မထု (၆) ပေ အကျယ် ကွန်ကရစ်လမ်းကို ၃ ဖာလုံခန့်ခင်းပြီး ရပ်နားထားပါသည်။

သို့ဖြစ်ပါ၍ ဤလမ်းအား ခ၇ီးသည်ယာဉ်များ အသုံးပြုနိုင်အောင် အမြန်ဆုံး ဆက်လက်ပြုပြင် ပေးပါရန် တာဝန်ရှိသူများအား အသိပေး ပန်ကြား အပ်ပါသည်။

လေးစားစွာဖြင့်
ဒေသခံတစ်ဦး



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ