Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 2, 2014

အစိုးရနှင့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တိုက်ပွဲပြင်းထန်

ရှမ်းပြည်နယ် ကျေးသီးမြို့နယ် တာဖာဆောင် ဒေသမှာ   ရှမ်းပြည် တပ်မတော် မြောက်ပိုင်း၊ ရှမ်းပြည် တိုးတက်ရေး ပါတီ  (SSA/SSPP)  လက်အောက်ခံ တပ်တွေနဲ့  အစိုးရ တပ်တွေ အကြား တိုက်ပွဲတွေ ပြန်ဖြစ်နေ ပါတယ်။

ဒီကနေ့မနက် အစောပိုင်း ၅ နာရီခွဲလောက် ကစတင်ပြီး တိုက်ပွဲတွေ အနည်းဆုံး ၅ ကြိမ်လောက် ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်မြောက် ပိုင်း ပြောခွင့်ရ  ဗိုလ်မှူးကြီး ခွန်ဆိုင်း က ဒီဗွီဘီကို ပြောပါတယ်။

အစိုးရလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဖြစ်တဲ့  ခလရ -၂၄၇၊ ခလရ -၂၄၈ စတဲ့တပ်ဖွဲ့တွေ၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း ၅၂၃ တို့က တပ်ဖွဲ့တွေ စုစုပေါင်း တပ်ရင်းတပ်ဖွဲ့ ၈ ခုလောက်နဲ့ လာရောက်တိုက်ခိုက်တာလို့ ဗိုလ်မှူး ခွန်ဆိုင်းက ပြောပါတယ်။

“ဒီနေ့မနက် ၅ နာရီ ၄၅ မိနစ်အချိန်မှာ အစိုးရ စစ်တပ်က ရှမ်းပြည်တိုးတက်ရေး ပါတီ (ရှမ်းပြည်တပ်မတော်)ရဲ့ တောတွင်းစခန်းတွေဖြစ်တဲ့ တာဖာဆောင်စခန်းအပါအ၀င် စခန်း ၂ ခုကို ၀င်တိုက်တယ်။ ၇ နာရီခွဲအချိန်မှာ စခန်း ၃ ခုကို ၀င်တိုက်တယ်။ အခုထက် ကြိုးကြားကြိုးကြား တိုက်ပွဲတွေဖြစ်နေတယ်။ ပြင်းပြင်းထန်ထန် သူတပြန်ကိုယ်တပြန် ဖြစ်နေတာက တာဖာဆောင်။”

တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရမှုတွေ ရှိနိုင်ပေမယ့် ကျဆုံးဒဏ်ရာရစာရင်းကိုတော့ မသိရသေးဘူးလို့ ရှမ်းလက်နက်ကိုင်အဖွဲ့က ပြောပါတယ်။

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရတပ်တွေဘက်ကိုတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းလို့ မရသေးပါဘူး။

ဖာဆောင်ဒေသကနေ ရှမ်းပြည်မြောက်ပိုင်းတပ်တွေ ဆုတ်ခွာပေးဖို့  အစိုးရက ညွှန်ကြားထားတာ ဖြစ်ပြီး  ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့က ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ နယ်မြေဖြစ်တဲ့အတွက် ဆုတ်မပေးနိုင်ကြောင်း  ပြီးခဲ့တဲ့ ဇူလိုင်လက   အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ  တွေ့ဆုံစဉ်ပြောကြားထားပြီး ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး ခွန်ဆိုင်ကတော့ အစိုးအနေနဲ့ ငြိမ်းချမ်းရေးမလိုချင်တာကြောင့် ခုလို တိုက်ခိုက်တာ ဖြစ်တယ်လို့ ထင်မြင်တဲ့အကြောင်း  ဒီဗွီဘီကို ခုလိုပြောပါတယ်။

“စတိုက်တဲ့သဘောမဟုတ်ဘူး။ စကို တိုက်တာ။ သူတို့က ငြိမ်းချမ်းရေး မလိုချင်လို့ လာတိုက်ပေါ့။ ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်နေတယ်၊ စိတ်ရှည်ရှည်ထားတယ်။ ဆုတ်ပေး ဆုတ်ပေးတယ်။ အခုက အကြောင်းရှာပြီး ပြဿ     နာ ရှာတာလေ။ ကျနော်တို့က ပြောတယ် ဒီမီး ကျနော်တို့က စမွှေးတာ မဟုတ်ဘူး။ ခင်ဗျားတို့က မွှေးတော့ ခင်ဗျားတို့က ဂုဏ်သိက္ခာရှိရှိနဲ့ ခင်ဗျားတို့ ဆုတ်ပေးပါ။ အဲဒါပြီးရင် ကျနော်တို့ မဆုတ်ရင် ခင်ဗျားတို့ ပြောပါ။ ဆုတ်မဆုတ်။ ပြောရင်ရတယ်။”

ကျေးသီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လတွေတုန်းကလည်း အစိုးရတပ်တွေနဲ့ ရှမ်းလက်နက်ကိုင်တပ်တွေ အကြား တိုက်ပွဲတွေ ဖြစ်ပြီး ရာနဲ့ချီတဲ့ ဒေသခံရွာသားတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးရင်း နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေခဲ့ကြရဖူးပါ တယ်။


ရှမ်းပြည်တပ်မတော်မြောက်ပိုင်း



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ