Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

တတိယလှိုင်းနဲ့ ရယ်စရာဟာသ (ထူးလည်း ထူးတယ်၊ မြူးလည်း မြူးတယ် ဟဲ့ ပေါ်အူးရယ်)

“ပေါ်အူးရေ၊ တို့တိုင်းပြည်ကြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီ ချီတက်နေတာ အခုဆိုရင် တတိယလှိုင်းများဆီတောင် ရောက်နေပြီမဟုတ်လား၊ မောင်မင်းရဲ့။ ဒီမိုကရေစီ အကူးအပြောင်းမှာ တိုင်းပြည်ကြီးရယ် အေးချမ်းပါလို့၊ သာယာ၊ ဖွံ့ဖြိုးကာရယ် တိုးတက်ပါလို့ စည်ပင်ပြီး ကြွယ်ဝငြိမ်းချမ်းနေကြပြီ မဟုတ်လား””
“မင်းကြီးကို ပေါ်အူးလျှောက်တင်ရမယ်ဆိုရင် ပထမလှိုင်းမှာ လှေမှောက်တယ်။ ဒုတိယလှိုင်းမှာ ရေနစ်တယ်။ တတိယလှိုင်းမှာ စုံးစုံး မြုပ်သွားတယ်လို့ လှောင်ပြောင်နေကြကြောင်းပါ မင်းကြီး”

“တယ်ဆိုးပါလား ပေါ်အူးရယ်။ အပြစ်တင်ခြင်းသည် ဆင်းရဲခြင်းတဲ့။ ကျေးဇူးတင်ခြင်းသည် ချမ်းသာခြင်းတဲ့ ပေါ်အူးရဲ့။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ခြင်းဟာ မင်္ဂလာတပါး မဟုတ်ပေဘူးလားကွယ်”
“မှန်ပါတယ် မင်းကြီး။ ဘယ်သူ့ကို ကျေးဇူးတင်ရမှာလဲ ဆိုတာ ကိုတော့ စဉ်းစားစရာပဲ မင်းကြီး။ အခုဆိုရင် ဒီကနေ့ အခြေအနေက ဆင်းရဲချမ်းသာ ကွာခြားမှု ချောက်ကမ်းပါးကြီးဟာ ပိုပိုကြီးမားလာပါ တယ်။ တိုင်းပြည်မှာ ချမ်းသာတဲ့သူတွေက သိပ်ချမ်းသာနေပြီး ဆင်းရဲ တဲ့သူတွေက သိပ်ဆင်းရဲနေတယ်။ အရင်စစ်အစိုးရလက်ထက်မှာ အခွင့်ထူးခံခရိုနီတွေဟာ ဆယ်ဂဏန်းသာရှိခဲ့ပေမယ့် အခု အစိုးရသစ်မှာ ရာဂဏန်းတောင်ရှိလာပြီ မင်းကြီး။ ဆင်းရဲတဲ့သူတွေမှာတော့ စားဝတ်နေရေး မပြေလည်တဲ့ပြဿနာနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်တွေကို ခံစားနေကြရတယ်။ ပိုပြီးဆိုးရွားတာက လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါးချိုးဖောက် ခံနေရတာရယ်၊ ပြည်သူလူထုမှာ တရားဥပဒေရဲ့အကာအကွယ်အစောင့် အရှောက်မခံကြရလို့ လုံခြုံစိတ်ချရမှုမရှိတာရယ်ကလည်း ခံစားနေတယ် မင်းကြီး”

“တော်ပါ ပေါ်အူးရယ်၊ ငါကိုယ်တော်မြတ်ပြောမယ့်စကားတွေတောင် ဘယ်တွေရောက်ကုန်မှန်း မသိတော့ဘူး ပေါ်အူးရယ်”
“မင်းကြီးပြောနေတာက ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ရ မယ်ဆိုတာပါပဲ မင်းကြီး။ အဲဒါ ပေါ်အူးက ဘယ်သူ့ကိုကျေးဇူးတင်ရမှာ လဲလို့ ပြန်ပြောတာပါ”
“ဟုတ်ပြီ၊ မင်းကြီး မှတ်မိပြီ။ ပေါ်အူးရယ် ဆင်းရဲမွဲတေမှုကို တဆယ့်ငါးရာခိုင်နှုန်းအထိ လျှော့ချမယ်လို့ဆိုခဲ့တယ် မဟုတ်လား”
“မှန်ပါတယ် မင်းကြီး၊ ပြောတော့ ပြောတာပေါ့ မင်းကြီးရာ။ ဒါပေမဲ့ ဒီကနေ့ လက်တွေ့ ဖြစ်ပျက်နေတာတွေရဲ့ အခြေအနေမှန်ကို သိအောင်ကြိုးစားဖို့ကလည်း လိုသေးတယ် မင်းကြီး။ ဒေသတွင်း အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ နောက်ဆုံးမှာ အောက်ကျ နောက်ကျဖြစ်နေတာကိုတော့ လက်တွေ့ကျကျအရှိအတိုင်းမြင်ဖို့လိုတယ် မင်းကြီး”

“ဟဲ့ ပေါ်အူးရယ်၊ မဟုတ်တာတွေလျှောက်မပြောနဲ့။ လက်ရှိမှာ ထိပ်ဆုံးနေရာရောက်ရှိနေတယ်။ ထိပ်ဆုံးဖြစ်တဲ့ ဥက္ကဋ္ဌနေရာမှာ ယူ ထားတာ ပေါ်အူး မသိဘူးလား။ တကမ္ဘာလုံးက သိတယ် ပေါ်အူး ရယ်”
“မှန်ပါတယ်၊ အာဆီယံနိုင်ငံတွေထဲမှာ အာဏာရှင်စနစ် ဒါမှမဟုတ် အာဏာရှင်စနစ်နီးပါးကျင့်သုံးတဲ့ နိုင်ငံ ငါးနိုင်ငံရှိတယ်။ အဲဒီထဲမှာ မြန်မာပါပါတယ်။ အာဏာရှင်တပိုင်း ဒီမိုကရေစီအယောင်ပြအုပ်ချုပ်တာ သုံးနိုင်ငံရှိပါတယ်။ ထိုင်းနိုင်ငံပါပါတယ်။ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံပဲ ရှိပါတယ် မင်းကြီး။ လက်တွေ့ အနေနဲ့နိုင်ငံရေးအရ အာဆီယံဒေသဟာ တည်ငြိမ်နေတယ်လို့ မဆိုနိုင် ပါဘူး။ ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ အာဆီယံနိုင်ငံတွေ နောက်ကျနေပါတယ်”

“ဟဲ့ ပေါ်အူး၊ နောက်ကျနေတာတွေ လျှောက်ပြောနေလို့ ဘာများ ထူးမှာလဲ။ ရှေ့ရောက်တာတွေကိုလည်း ပြောဦးမှာပေါ့”

“ရှေ့ရောက်တာတွေ ပြောရမယ် ဟုတ်လားမင်းကြီး။ ဒါဆိုရင်လည်း ပေါ်အူးမှာ ပြောစရာတွေရှိပါတယ်။ အာဆီယံနိုင်ငံတွေထဲ နိုင်ငံရေးအရမဟုတ်ဘဲ စီးပွားရေးတိုးတက်မှုရခဲ့တဲ့ နိုင်ငံတွေကိုပြန်ကြည့်ရင် မိုဘိုင်းဖုန်းနည်းပညာ အသုံးချနိုင်မှု အဓိကကျပါတယ်။ အခြေခံဆက်သွယ်ရေးစနစ် ခိုင်မာမှုနဲ့ နည်းပညာသုံးဈေးကွက်ချဲ့ထွင်နိုင်မှုက အခြေခံပြည်သူတွေရဲ့ တိုးတက်မှုကို ထိုက်သင့်သလောက် ဖြစ်ထွန်းစေပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ အခြေခံဆက်သွယ်ရေးစနစ် မရေရာမှုနဲ့ နည်း ပညာသုံးဈေးကွက်မချဲ့ထွင်နိုင်တာကတော့ မြန်မာတနိုင်ငံပဲ ရှိပါတော့တယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာတွေပေါ်လာတာလည်း နှစ်ပိုင်းပဲရှိပါသေးတယ်။ ရေဒီယိုနဲ့ ရုပ်မြင်သံကြားသတင်းဌာန တွေကို အစိုးရ၊ အစိုးရနဲ့ ဆက်နွှယ်နေသူ ခရိုနီလုပ်ငန်းရှင်တွေကပဲ ပိုင်ထားပါတယ်”

“ပြီးတော့ ဒေသတွင်းနိုင်ငံတွေထဲမှာ မြန်မာပြည်က လူနေမှုအဆင့် အတန်းနဲ့ လူတဦးချင်းစီ ၀င်ငွေနိမ့်ကျနေတယ်။ နေစရိတ် စားစရိတ် ကြီးမားနေတယ်။ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ သောက်သုံးရေသန့်ရရှိရေး၊ လျှပ်စစ်မီးလုံလောက်ရေး၊ အစားအသောက် လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ ပညာသင်ကြားခွင့်ရရှိရေး၊ လူ့အခွင့်အရေးအပြည့်အ၀ရရှိရေး၊ ဥပဒေအရ အကာအကွယ်ရရှိရေး၊ ဆန္ဒထုတ်ဖော်ခွင့်အပြည့်အ၀ရရှိရေးတွေမှာ အစစအရာရာ မရရှိနိုင်သေးဘဲ ဖြစ်နေတယ်။ အလုပ်လက်မဲ့ဦးရေနဲ့ ကလေးလုပ်သားဦးရေ များပြားနေတယ်။ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးလို့ အိမ်နီးချင်း တရုတ်၊ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေဆီသွားပြီး အလုပ်ကြမ်းလုပ်ရတဲ့သူ ငါးသန်းကျော်ရှိနေတယ်။ မြန်မာနိုင်ငံသားတွေ လူကုန်ကူးတာ အများ အပြားခံနေကြရတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံကို ဇနီးမယားအဖြစ် ရောင်းစားခံရတာတွေလည်း ရှိတယ် မင်းကြီး”

“ဟဲ့ ပေါ်အူးရဲ့ ရှေ့ရောက်တာတွေ ပြောမယ်ဆိုပြီး ဘာတွေ လျှောက်ပြောနေတာလဲ။ ပေါ်အူးတော့ ခက်နေပါပြီ”
“ထိုင်းနဲ့ မလေးရှားကို အလုပ်သွားလုပ်ရတာ အရှေ့ရောက်တာ မဟုတ်ဘူးလား ဂွရှင်မင်းကြီးရယ်”
“အင်း ရှိစေတော့၊ ရှိစေတော့။ ပေါ်အူးတယောက် စကား တတ်တိုင်း လျှောက်ပြောနေတာပဲ။ တို့တိုင်းပြည်မှာ အားသာချက် တွေ အများကြီးရှိပါတယ် ပေါ်အူးရယ်”
“ဟုတ်တယ် မင်းကြီး၊ တိုင်းပြည်မှာ များပြားတာတွေရှိပါတယ်။ ဒုက္ခသည်ဦးရေက ဒေသတွင်းမှာ အများဆုံးဖြစ်တယ်။ ပြည်တွင်းမှာ ငွေစက္ကူအတုတွေကလည်း သိပ်ပေါများတေယ်။ အားသာချက်တွေလည်း ရှိပါတယ်။ မူးယစ်ဆေးဝါးမှာ အားသာချက်တွေ သိပ်ရှိတယ်။ သိပ်နာမည် ကြီးနေတယ်။ တနေ့တနေ့ ဖမ်းမိတာတင် မူးယစ်ဆေးဝါးအမှုပေါင်း ၃၀ ကျော်တယ်။ မမိတာက ဘယ်လောက်များမယ်ဆိုတာ မသိနိုင်ပါဘူး မင်းကြီးရာ”

“လုပ်ပြီ၊ အဲဒါ ထားလိုက်ပါ။ တခြား ပြောပါ ပေါ်အူးရာ”
“တခြားပြောရရင် ယာဉ်တိုက်မှုက သုံးရက်မှာ အမှု ၁၀၀ ကျော် နှုန်းဖြစ်နေတယ်။ ယာဉ်တိုက်မှု လေးမှုမှာ တယောက်နှုန်းသေတယ်။ မုဒိမ်းမှုက တရက်တရက်ကို ငါးမှုနှုန်းလောက်ဖြစ်နေတယ်။ ၂၀၀၁ ခုနှစ် ကနေပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လကုန်အထိ မုဒိမ်းမှုပေါင်း ၅၈၂၈ မှု ဖြစ်ပွားခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့က ပြောကြားတယ်။ ရန်ကုန် တိုင်းဒေသကြီးမှာ ဖြစ်ပွားမှု အမြင့်ဆုံးလို့သိရတယ်။ တရက်မှာ တမှုခွဲ နှုန်းလောက်ဖြစ်နေတယ်။ မန္တလေးဖြစ်စဉ်မှာဆိုရင် မုဒိမ်းမှု ကောလာဟလသတင်းကိုအကြောင်းပြုပြီး ဆူပူအကြမ်းဖက်မျိုးအထိဖြစ်လာတယ်။ ပေါ်အူးတို့တိုင်းပြည်မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုကလည်း တရက်မှာ ငါးမှုနှုန်းဖြစ်နေတယ်။ စီးပွားရေး၊ လူမှုရေး၊ စားဝတ်နေရေး အစစအရာရာ အဆင်မပြေတော့လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေများတာပေါ့ မင်းကြီးရာ ဟုတ်ဖူးလား”

“ကောင်းတာ ပြောပါ ပေါ်အူးရာ၊ အားသာတဲ့အချက်တွေကို ပြောပါဆိုမှ မောင်မင်းတယောက်လည်း ခက်နေပါပြီ”
“ခုတလော တော်တော်ဆိုးတာက ၂၀၁၄ ခုနှစ် ဇွန်လကနေ စက်တင်ဘာအထိ ဓာတ်ကြိုးပြုတ်ကျမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၅ ဦးရှိတယ်လို့ ပြည်တွင်းထုတ်သတင်းစာတစောင်မှာ ပေါ်အူး ဖတ်လိုက်ရပါတယ်။ နိုင်ငံသားတွေ ဒီလိုအပြစ်မဲ့သေဆုံးနေရတဲ့ သတင်း တွေဖတ်ရတိုင်း စိတ်ထိခိုက်ရပါတယ်။ မင်းကြီး၊ ပိုဆိုးတာက လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက တာဝန်ရှိတဲ့သူတယောက်က လျှပ်စစ်နဲ့ပတ်သက် ပြီး အကုန်လုံးကို အန္တရာယ်ကင်းရှင်းဖို့ လုပ်ထားတယ်။ လမ်းဖြတ်ကူးရင် ကားကိုကြည့်ရှောင်ရသလို ဓာတ်ကြိုးအောက်သွားမယ်ဆိုရင်လည်း ကြည့်ရှောင်ရမယ်၊ အန္တရာယ်ရှိတယ်ဆိုတာကို အရင်ကတည်းက သိထားရမှာပေါ့ဆိုပြီး တာဝန်မဲ့တဲ့ စကားပြောချလိုက်တာ သိပ်ဆိုးရွား လွန်းတယ်။ တတိယလှိုင်းမှာ ဒီလိုရိုင်းစိုင်းတဲ့သူတွေ ဘယ်နှယောက် ရှိနေမလဲ မသိနိုင်ဘူး”

“တော်ပါတော့ ပေါ်အူးရာ၊ ဒီစကားတွေ ဖြတ်တော့ ပေါ်အူး။ မင်းကြီး မကြားချင်ဘူး။ ရယ်စရာ ဟာသလေးတွေကို လိုင်းပြောင်း ပြောစမ်း ပေါ်အူး”
“ရယ်စရာဟာသလား မင်းကြီး။ ရယ်စရာ တော်တော်ကောင်း တယ်။ သိပ်ရယ်ရတယ် ဟား . . . ဟား . . . ဟား”
“ဘာရယ်ရတာလဲ ပေါ်အူးရဲ့၊ ဘာမှ မပြောရသေးဘူး၊ ရယ်နေတယ်”
“ဒီလိုပါ မင်းကြီး၊ ဘာနဲ့တူသလဲဆိုရင် ပွဲဈေးတန်းမှာ ဆီးသီးဗန်း မှောက်ကျသလိုပဲ။ မှောက်လည်းကျရော ဟိုလူက တဆုပ်နှိုက်စား၊ ဒီလူ က တဆုပ်နှိုက်စားနဲ့ တ၀က်လောက်ပဲကျန်တယ်။ ဘတ်ဂျက်ကိစ္စက အဲဒီလို ဖြစ်နေတာပေါ့။ ဒါ ပေါ်အူးပြောတဲ့ စကားမဟုတ်ပါဘူး။ အမျိုး သားလွှတ်တော် ဥက္ကဋ္ဌပြောတဲ့ လွှတ်တော်ထဲက စကားပါ။ သူက တော် တော်လည်း ပြောလည်းပြောတတ်တယ် မင်းကြီးရာ။ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍအတွက် ဘတ်ဂျက်ငွေတွေကို သုံးစွဲတဲ့နေရာမှာ ဟိုလူ က နှိုက်၊ ဒီလူက နှိုက်နဲ့ လေလွင့်ပုံကို လှတောသားတွေလို ပြောင် မြောက်တဲ့စကားအလင်္ကာသုံးပြီး ပြောလိုက်တာပါ။ ရယ်ရတယ် မဟုတ် လား မင်းကြီး”
“အင်း၊ ရယ်ရမလိုလိုပါပဲ ပေါ်အူးရယ်”

“နောက် ရယ်စရာတခုပြောဦးမယ် မင်းကြီး။ တကယ်ရယ်ရတယ် ဟား ဟား ဟား”
“ဟဲ့ ပေါ်အူး၊ ဘာမှမပြောရသေးဘဲ ရယ်နေပြန်ပြီ”
““ပေါ်အူး ရယ်ချင်လို့ပါ မင်းကြီး””
““ဘာများပါလိမ့် ပေါ်အူးရယ်””
“ဒီလိုပါ မင်းကြီး၊ တိုင်းပြည်မှာ အဂတိလိုက်စားမှုတွေက ခွေး လေခွေးလွင့်ထက်တောင် များပြားနေတယ် မဟုတ်လား။ အဲဒါကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဖော်ထုတ်အရေးယူလိုက်ပြီ မင်းကြီး၊ ၀မ်းသာစရာပါပဲ”
“အဲဒါ ရယ်စရာလား ပေါ်အူးရဲ့”
“အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သက်တမ်းခြောက် လအတွင်း စုံစမ်းစစ်ဆေးအရေးယူလိုက်တဲ့အမှုပေါင်းက ဘယ်လောက် ထင်လဲ မင်းကြီး”

“ဘယ်လောက်လဲ ပေါ်အူး”
“ဟား ဟား ဟား သုံးမှုတဲ့ဗျား။ ဟား ဟား သုံးမှုတဲ့၊ မင်းကြီး ရယ်ရတယ်”
“အင်း ဒါဟာ ရယ်စရာမဟုတ်ပါဘူး ပေါ်အူးရာ၊ တတိယလှိုင်းရဲ့ ကြီးမားတဲ့ အောင်မြင်တိုးတက်မှု မှတ်တိုင်တခုပါ။ တတိယလှိုင်း ပါဆိုမှတော့ သုံးမှုပဲ ရမှာပေါ့ ပေါ်အူးရယ်၊ ဟုတ်ဖူးလား”
“ဟား ဟား ဟား၊ မင်းကြီးပြောမှ ပိုပြီး ရယ်စရာကောင်းသွားပြီ”





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ