Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 1, 2014

ဟောင်ကောင်ဆန္ဒပြပွဲ တရုတ်အစိုးရ နှိမ်နင်းရင် တီအန်မင် အရေးအခင်းလိုဖြစ်နိုင်

ဟောင်ကောင်ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲကို တရုတ်အစိုးရက နှိမ်နင်းဖို့ အမိန့်ထုတ်ခဲ့ရင် ဆန္ဒပြပွဲတွေဟာ ဒုတိယ တီအန်မင်ရင်ပြင် အရေးအခင်းလို ဖြစ်သွားနိုင်တယ်လို့ ဆန္ဒပြသူတွေက သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံ ပီကင်းမြို့တော် တီအန်မင်ရင်ပြင်မှာ စုရုံး ဆန္ဒပြနေတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို တရုတ်အစိုးရက နှိမ်နင်းခဲ့လို့ ရာနဲ့ချီတဲ့ ကျောင်းသားတွေ သေဆုံးခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ ဟောင်ကောင်မှာ ဒီမိုကရေစီစည်းမျဉ်းတွေကို လေးစားဖို့ စက်တင်ဘာ ၃၀ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ ပြောခွင့်ရ စတီဗင် ယူဂျားဟိ(တ်)ကတော့ “ဟောင်ကောင်အရေးဟာ ပြည်တွင်းအရေးဆိုတာကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နားလည်ပါတယ်။ ဒါပေမယ့် ပါဝင်သူအားလုံးက မတူညီမှုတွေ၊ ဒီမိုကရေစီစည်းမျဉ်းတွေကို ထိန်းသိမ်းရင်း ငြိမ်းချမ်းမှု အပြည့်နဲ့ ဖြေရှင်းကြဖို့တိုက်တွန်းတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကတော့ ဒီမိုကရေစီ အပြည့်အဝရရေး တောင်းဆိုနေတဲ့ ဟောင်ကောင်က အခြေအနေတွေအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်တယ်လို့ စက်တင်ဘာ ၃၀ ရက်နေ့က ပြောပါတယ်။

တရုတ်အစိုးရဟာ ဗြိတိသျှတို့ဆီကနေ ဟောင်ကောင်ကျွန်းကို ၁၉၉၇ ခုနှစ်က ပြန်လွှဲယူချိန်က ပေးခဲ့တဲ့ကတိကို ဆက်တည်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။

ဗြိတိန်ဟာ ဟောင်ကောင်ကို တရုတ်လက်ထဲ ပြန်လွှဲချိန်က ဟောင်ကောင်သားတွေ အပေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လွတ်လပ်ခွင့်ကို အာမခံထားတဲ့ တနိုင်ငံ စနစ်၂ မျိုး ပုံစံနဲ့ အုပ်ချုပ်ဖို့ သဘောတူထားပါတယ်။

ဒါပေမယ့် အရင်လကတော့ ဟောင်ကောင်အုပ်ချုပ်ရေး ရွေးကောက်ပွဲကို ဟောင်ကောင်သားတွေ လွတ်လပ်စွာ ရွေးချယ်ခွင့် တောင်းခံရာမှာ တရုတ်အစိုးရက ပယ်ချခဲ့ပါတယ်။

ဒါကြောင့် ဟောင်ကောင် တက်ကြွလှုပ်ရှားသူတွေက ဟောင်ကောင်မြို့လယ် စီးပွားရေး အချက်အချာဒေသကို ပိတ်ဆို့ပြီး ဆန္ဒပြနေပါတယ်။

တရုတ်ဟာ ဟောင်ကောင်ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေကို ပြည်မကြီးအစိုးရအပေါ် သစ္စာခံတဲ့လူ လက်တဆုပ်စာအတွက် ကန့်သတ်နေတယ်လို့ မီဒီယာတွေက သုံးသပ်ကြပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ