Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 5, 2014

မြန်မာအစိုးရမှ ပိတ်ပင်သည် ဆိုသော်ငှားလည်း မြန်မာအိမ်ဖော် အရည်အတွက် မကျဆင်း သွားကြောင်း စင်ကာပူရှိ အိမ်ဖော်ဈေးကွက် မှ အေဂျင်စီများ ပြောကြား

မြန်မာပြည် ကနေ စင်ကာပူသို့ သွားရောက် လုပ်ကိုင်မည့် အိမ်ဖော်များ ကို မြန်မာ အစိုးရက တားမြစ် ပိတ်ပင် ထားသော်လည်း မြန်မာ အိမ်ဖော်များက စင်ကာပူ သို့ ရောက်လာ နေဆဲ ဖြစ်ကြောင်း သိရသည်။

စင်ကာပူ အေဂျင်စီများက ၂နှစ်နိုင်ငံ အကြား နားလည်မှု စာချွန်လွှာ လက်မှတ် မထိုးမချင်း မြန်မာအိမ်ဖော်များ စင်ကာပူတွင် ၅ လကြာ အလုပ်လုပ်ခွင့် ကို မြန်မာအစိုးရ က ပိတ်ပင်ကြောင်း သတင်းထုတ်ပြန်ခဲ့ထားသည်။ စင်ကာပူ တွင် မြန်မာအိမ်ဖော်များကို နှိပ်စက်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ် လာပြီးနောက်ပိုင်း ပြီးခဲ့သည့် တနင်္လာနေ့က ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

မြန်မာအိမ်ဖော်များလာရောက်မှုနည်းပါးသွားမည်ကို စင်ကာပူ အိမ်ဖော်အေဂျင်စီ များက စိုးရိမ်နေသော်လည်း မြန်မာဘက်က ပိတ်ပင်မှုကို တင်းကြပ်စွာဆောင်ရွက်ပုံမရဟု သူတို့ က ပြောကြားသည်။ ပြီးခဲ့သည့် သတင်းပတ်အတွင်း မြန်မာအိမ်ဖော်များ တနေ့ကို အယောက် ၅၀ခန့် စင်ကာပူ ကို လာရောက်နေပြီး အဆိုပါအရေအတွက်သည် အစိုးရတားမြစ်မှု မရှိခင်က အရေအတွက်နှင့် အတူတူပင်ဖြစ်သည်ဟု ဆိုသည်.

“ကျမတို့အတွက်ကတော့ ဘာမှမထူးပါဘူး။ အရင်လိုပါဘဲ။ အလုပ်ဖြစ်နေ ပါတယ်။” ဟု စင်ကာပူ၏ အကြီးဆုံးမြန်မာအိမ်ဖော်အေဂျင်စီ ယူနိုက်တတ် ချန်နယ် က ဒါရိုက်တာ မစ္စ ကယ်ရီတန်က ပြောသည်။

စင်ကာပူအလုပ်ရှာဖွေရေးအေဂျင်စီများအဖွဲ့ဥက္ကဌ ဂျာယာပရီမာ က နှစ်နိုင်ငံ အကြားသဘောတူညီချက်ကို လက်မှတ်ရေးထိုးရေး အတွက် လေ့လာနေ ဆဲဖြစ်ကြောင်း ပြောဆိုသည်။“ စင်ကာပူကုမ္ပဏီတွေ အကျိုးစီးပွားကို အကာ အကွယ်ပေးဖို့လည်း သေချာအောင် ကြည့်ရသေးတယ်လေ”

မြန်မာနိုင်ငံမှ အိမ်ဖော်များကို တလလျှင်လစာ ဒေါ်လာ ၄၀၀ မှ ၄၅၀ ပေးလေ့ ရှိသည်။ အလုပ်ရှာဖွေခအဖြစ် ရှစ်လအတွက် လစာငွေကို သူတို့ ကမယူရဘဲ အလုပ်ရှာပေးသည့်အေဂျင်စီကို ပေးရသည်။

စင်ကာပူ၏ အိမ်ဖော်ဈေးကွက်ကို မြန်မာအိမ်ဖော်များဝင်ရောက်မှုက အတော်ပင်မြန်ဆန်လာနေရာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ၅၀% တိုးလာသည်ဟု ဆိုသည်။ ယခင်က မြန်မာအိမ်ဖော်ဦးရေ ၂၀၀၀၀ ခန့် ရှိခဲ့ရာက ယခုနှစ် အတွင်း အိမ်ဖော် သုံးသောင်းကျော်ထိ တိုးပွားလာသည်ဟု ဆိုသည်။

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အိမ်ဖော်များ ထက်စာလျှင် မြန်မာ အိမ်ဖော်များ မှာ ဈေးချိုသည့်အပြင် အလုပ်ကြိုးစားသော်ကြောင့် အိမ်ရှင်များက ပိုလိုလားကြသည်။

အင်ဒိုနှင့် ဖိလစ်ပိုင် အစိုးရများက ၎င်းတို့နိုင်ငံက အိမ်ဖော်များအတွက် အနိမ့်ဆုံး လစာ တလ ဒေါ်လာ ၄၅၀ နှင့် ၅၀၀ အသီးသီးပေးရန် သတ်မှတ်တောင်းဆို သည်။

မြန်မာအိမ်ဖော်များ စင်ကာပူကို ၀င်ရောက်မှုတိုးများလာနေချိန်တွင် အိမ်ရှင်များ လက်မှ ထွက်ပြေးကြသည့် အိမ်ဖော်အရေအတွက်ကလည်း များလာနေ ပါသည် ။ များပြားသောအကြွေးများကို ပေးဆပ်ရသဖြင့် ယခုလို ထွက်ပြေး ကြကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများထံက သိရသည်။

မြန်မာအိမ်ဖော်များ၏ လစာမြင့်တက်လာနိုင်ကြောင်း။ လက်ရှိတွင် တချို့ က ဒေါ်လာငွေ ၃၀၀ နှင့် အထက်ကို တောင်းဆိုနေကြာင်း စင်ကာပူအေဂျင်စီ များ က ပြောကြားသည်။ အလုပ်အကိုင် ရှာဖွေခ အဖြစ် မြန်မာအိမ်ဖော် များ ပြန်လည်ပေးဆပ်ရာတွင် ဒေါ်လာ ၃၀၀၀ အထိရှိနေခြင်းမှာ မြန်မာနိုင်ငံ တွင် သတ်မှတ်လိုက်နာရမည့် ဥပဒေ မရှိသည့်အတွက် ဖြစ်သည်။

Best Home အလုပ်ရှာဖွေရေးအေဂျင်စီမှ မစ္စတာ တေကွန်ဘင်က “မြန်မာအေဂျင်စီတွေက အိမ်ဖော်တွေကို ဒီကိုခေါ်ဖို့ ခက်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒါကိုပဲ သူတို့က အသုံးချ အခွင့်ကောင်းယူပြီး ငွေပိုရအောင် လုပ်နေ တာ" ဟု ဆိုသည်။

ထို့ အပြင် စင်ကာပူသွားမည့် လေယာဉ်ပေါ်တက်ခွင့်အတွက် အိမ်ဖော်တဦး ကို ဒေါ်လာ ငါးဆယ် နှုန်းဖြင့် မြန်မာလေဆိပ်က အရာရှိတချို့ က ငွေတောင်းနေကြောင်း မြန်မာအေဂျင်စီတစ်ခုက ဆိုသည်။

“အပိုပေးတဲ့ငွေတွေအားလုံးက ဒီအိမ်ဖော်တွေပဲပေးရတာပေါ့။ ဒီတော့ သူတို့ မှာပေးရတဲ့ကြွေးတွေလဲ များလာတယ်။ နောက်ဆုံးကျတော့ သူတို့ပဲ ဆုံးရှုံးရ တာပဲ။” ဟု မစ္စတာ တေ က ပြောသည်။

မြန်မာအလုပ်သမားအေဂျင်စီတွေ အနေဖြင့် အိမ်ဖော်များထံက အလုပ် ရှာဖွေရေး စရိတ်စကကို လျှော့ချသင့်ကြောင်း မစ္စဂျာယာပရီမာ က ပြောကြား ခဲ့သည်။

“မြန်မာအေဂျင်စီတွေ ယူနေတဲ့ အခကြေးငွေတွေကို လျှော့ချဖို့ မြန်မာအစိုးရက ကန့်သတ်သင့်တယ်။ စည်းမျဉ်း စည်းကမ်း ချပြီး ဒါကို လိုက်နာအောင် တွန်းအား ပေးရမယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပြဿနာကဆက်ဖြစ်နေအုန်းမှာပဲ” မစ္စ ဂျာယာပရီမာ က ပြောကြားခဲ့သည်။

ယခုအခါ စင်ကာပူအိမ်ရှင်များသည် အိမ်နေသက်ကြီးများကို ၄င်းတို့ အလုပ် သွားစဉ် စောင့်ရှောက်ပြုစုရန်အတွက် မြန်မာ အမျိုးသားအိမ်ဖော်များ ကို လည်း ခေါ်ယူကြကြောင်း အေရှားဝမ်းသတင်း တွင် ဖော်ပြထားသည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ