Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 25, 2014

အီဘိုလာ အကူးစက်ခံရသူ ကန် သူနာပြုတွေ ပျောက်ကင်းပြီ

အီဘိုလာရောဂါ ရှိတဲ့ လိုင်ဘေးရီးယား လူနာကို ပြုစုကုသပေးပြီး ရောဂါကူးခံရတဲ့ အမေရိကန် သူနာပြုနှစ်ဦးဟာ အခု ရောဂါ ကင်းသွားပါပြီ။ နယူးယောက်မြို့တွင်းနဲ့ ပတ်ဝန်းကျင် အရပ်တွေမှာတော့ နောက်ထပ် အမေရိကန်နိုင်ငံသားတဦး အီဘိုလာရောဂါ ရထားတာကြောင့် သီးခြားခွဲထားတဲ့ လုပ်ဆောင်ချက်အသစ်တွေ လုပ်နေရပါတယ်။

အမေရိကန်မြေပေါ်မှာ ပထမဆုံး အီဘိုလာလူနာကို ကုသပေးတဲ့ တက္ကဆက်စ်ပြည်နယ်၊ ဒါးလက်စ်မြို့က သူနာပြု Nina Pham ဟာ သောကြာနေ့ မှာ ဆေးရုံကဆင်းပြီးတဲ့နောက် သမ္မတ ဘရာ့ခ် အိုဘားမားက တွေ့ဆုံပါတယ်။

ဝါရှင်တန်မြို့တော်နား မေရီလန်းပြည်နယ်က အမျိုးသားကျန်းမာရေး အင်စတီကျူရဲ့ ဆေးရုံကနေဆင်းလာပြီး သိပ်မကြာခင်မှာပဲ သူနာပြု Nina Pham ကို သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံပြီး ပွေ့ဖက် နှုတ်ဆက်ပါတယ်။

အီဘိုလာရောဂါနဲ့ နောက်ထပ် ကုသမှုခံယူနေတဲ့ သူနာပြု Amber Vinson မှာလည်း ဗိုင်းရပ်စ်မရှိတော့တာ သိသာထင်ရှားပေမယ့် သူ ကုသမှုခံယူနေတဲ့ အတ္တလန်တာဆေးရုံတခုကနေ ဘယ်တော့ ပေးဆင်းမယ်ဆိုတဲ့ ရက်ကို မသတ်မှတ်ရသေးဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အနောက်အာဖရိကဒေသမှာ အီဘိုလာရောဂါသည်တွေနဲ့ ထိတွေ့မှုရှိထားတဲ့ ဘယ်သူမဆို သူတို့ ပြည်နယ်တွေထဲဝင်လာရင် ၂၁ ရက်ကြာ မဖြစ်မနေ သီးခြားခွဲ နေထိုင်ရမယ်လို့ နယူးယောက်နဲ့ နယူးဂျာစီပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးမှူးတွေက သောကြာနေ့မှာပဲ ကြေညာပါတယ်။ နယူးဂျာစီပြည်နယ်၊ Newark Liberty လေဆိပ်မှာ သောကြာနေ့က ရောက်လာတဲ့ အမျိုးသမီးတဦးကို သီးခြားခွဲထားတယ်လို့ အုပ်ချုပ်ရေးမှူးတွေကပြောပါတယ်။



သူနာပြု Nina Pham ကို သမ္မတ အိုဘားမားက အိမ်ဖြူတော် မှာ လက်ခံတွေ့ဆုံ။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ