Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 28, 2014

အီဘိုလာဖြစ်တဲ့ နိုင်ငံကလူတွေကို သြစီ ဝင်ခွင့်မပေး

အီဘိုလာ ​ရောဂါ ​ဖြစ်နေတဲ့ ​နိုင်ငံက ​လူတွေ ​သြစတြေးလျနိုင်ငံထဲ ​ဝင်လာမယ်ဆိုရင် ​ပြည်ဝင်ခွင့် ​မပေးတာတွေ ​ဒါမှမဟုတ် ​ကျန်းမာရေး ​စစ်ဆေးမှု ​အမျိုးမျိုး ​ခံရမယ်လို့ ​အစိုးရက ​သတိပေးလိုက်ပါတယ်။

အခုလောလောဆယ် ​အီဘိုလာ ​ရောဂါ ​ဖြစ်နေတဲ့ ​နိုင်ငံတွေက ​ပြည်ဝင်ခွင့် ​ဗီဇာကို ​သြစတြေးလျ ​လူဝင်မှု ​ကြီးကြပ်ရေးဌာနက ​ခေတ္တ ​ရပ်နားထားတယ်လို့ ​လူဝင်မှု ​ကြီးကြပ်ရေးဝန်ကြီး ​Scott ​Morrison ​က ​ပြောပါတယ်။

ဒါပေမဲ့ ​သြစတြေးလျနိုင်ငံမှာ ​အမြဲတမ်းနေထိုင်ခွင့် ​ရရှိထားတဲ့ ​အနောက်အာဖရိက ​လူမျိုးတွေကိုတော့ ​သြစတြေးလျကို ​ပြန်လည်ဝင်ရောက်ခွင့်ပေးမှာ ​ဖြစ်ပေမယ့် ​အဲဒီမတိုင်ခင် ​ပြည်ပမှာ ​၂၁ ​ရက်ကြာ ​စောင့်ကြည့်မယ်လို့ ​ပြောပါတယ်။ ​အီဘိုလာ ​ရောဂါပိုးဟာ ​၂၁ ​ရက်ကြာ ​ရောဂါပျိုးလေ့ရှိတဲ့အတွက် ​ပြည်ပမှာ ​၂၁ ​ရက်ကြာ ​စောင့်ကြည့်မှာဖြစ်ပြီး ​ရောဂါပိုး ​မရှိဘူးလို့ ​သေချာမှသာ ​သြစတြေးလျနိုင်ငံထဲ ​ဝင်ရောက်ခွင့်ပေးမယ်လို့ ​ပြောပါတယ်။

သြစတြေးလျနိုင်ငံက ​ကျန်းမာရေး ​ပညာရှင်တွေကို ​အီဘိုလာ ​ဖြစ်နေတဲ့ ​နိုင်ငံကို ​ပို့ဆောင်ဖို့ ​အစိုးရကို ​တောင်းဆိုထားကြပေမယ့် ​သြစတြေးလျ ​အစိုးရကတော့ ​ပို့မယ် ​မပို့ဘူးဆိုတာကို ​အတိအလင်း ​ပြောဆိုခြင်း ​မရှိသေးပါဘူး။

အမေရိကန်ကတော့ ​အီဘိုလာ ​ဖြစ်နေတဲ့ ​နိုင်ငံကနေ ​ပြန်ရောက်လာသူတွေကို ​သီးသန့်ခွဲပြီး ​စောင့်ကြည့်မှုလုပ်

အမေရိကန်နိုင်ငံက ​တချို့ ​ပြည်နယ်မှာတော့ ​အနောက်အာဖရိက ​ကနေ ​ပြန်ရောက်လာတဲ့ ​ကျန်းမာရေးပညာရှင်တွေကို ​အတင်းအဓမ္မ ​စနစ်နဲ့ ​သီးသန့်ခွဲခြားပြီး ​စောင့်ကြည့်မှုတွေ ​လုပ်နေပါတယ်။

ရောဂါ ​ဖြစ်ပွားနေတဲ့ ​နိုင်ငံကနေ ​အမေရိကန်နိုင်ငံထဲ ​ပြန်လာမယ့် ​စစ်သားနဲ့ ​ကျန်းမာရေးလုပ်သား ​တချို့ကို ​သီးသန့်နေရာမှာ ​ထိန်းသိမ်းပြီး ​စောင့်ကြည့်နေတာဖြစ်ပါတယ်။

တချို့ ​စစ်သားကိုတော့ ​အီတလီနိုင်ငံမှာ ​စောင့်ကြည့်နေပြီး ​သူနာပြုတစ်ဦးကိုတော့ ​နယူးဂျာဆီပြည်နယ်က ​ဆေးရုံမှာ ​စောင့်ကြည့်နေပါတယ်။ ​ဒါပေမဲ့ ​အဲဒီ ​သူနာပြုက ​သူ့ကို ​အကျဉ်းသား ​တစ်ယောက်လို ​ထိန်းသိမ်းထားတယ်လို့ ​ဝေဖန်ပြောဆိုလာပြီးနောက် ​သူ့ရဲ့ ​နေအိမ်မှာပဲ ​ပြန်နေခွင့် ​ပြုလိုက်ပြီ ​ဖြစ်ပါတယ်။

ကုလသမဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းကလည်း ​အီဘိုလာ ​ဖြစ်နေတဲ့ ​နိုင်ငံကနေ ​ပြန်လည်ရောက်ရှိလာသူတွေကို ​ခွဲခြား ​ဆက်ဆံတာမျိုး ​မလုပ်ဖို့ ​ပန်ကြားထားပါတယ်။

ဂျပန်လေဆိပ်မှာလည်း ​လိုင်ဘေးရီးယားက ​လာတဲ့ ​လူတစ်ဦး ​ဖျားနေတာကြောင့် ​အီဘိုလာအတွက် ​စစ်ဆေးနေ

တဆက်တည်းမှာပဲ ​လိုင်ဘေးရီးယားနိုင်ငံမှာ ​သတင်းယူခဲ့တဲ့ ​သတင်းသမား ​တစ်ယောက်ဟာ ​ဂျပန်နိုင်ငံ ​လေဆိပ်အရောက်မှာ ​အဖျားရှိကြောင်း ​တွေ့ရတဲ့အတွက် ​ဂျပန်အာဏာပိုင်တွေကလည်း ​အီဘိုလာ ​ဟုတ်မဟုတ် ​စောင့်ကြည့် ​စစ်ဆေးနေပါတယ်။

ဒီကနေ့မှာတော့ ​သွေးစစ်ထားတဲ့ ​ရလဒ်ကို ​သိရမှာ ​ဖြစ်ပါတယ်။ ​ဂျပန်အစိုးရက ​လွန်ခဲ့တဲ့ ​သောကြာနေ့ကစပြီး ​အီဘိုလာ ​ဖြစ်နေတဲ့ ​နိုင်ငံကနေ ​ရောက်ရှိလာသူတွေကို ​လေဆိပ်မှာ ​ကျန်းမာရေး ​စစ်ဆေးနေတာ ​ဖြစ်ပါတယ်။

ငါးနှစ်သားကို ​အမေရိကန်က ​စောင့်ကြည့်နေ

တချိန်တည်းမှာပဲ ​ဂီနီနိုင်ငံကနေ ​အမေရိကန်နိုင်ငံကို ​ရောက်ရှိလာတဲ့ ​ငါးနှစ်အရွယ် ​ကလေးငယ် ​တစ်ဦး ​နေမကောင်းဖြစ်နေတဲ့အတွက် ​အီဘိုလာ ​ရောဂါ ​ဟုတ်မဟုတ် ​အမေရိကန် ​အာဏာပိုင်တွေက ​စမ်းသပ်နေပြီး ​ဒီကနေ့ ​အဖြေသိရမှာ ​ဖြစ်ပါတယ်။

လိုင်ဘေးရီးယား နိုင်ငံမှာ အီဘိုလာ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ