Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 25, 2014

အလွတ်သတင်းထောက် ကိုပါကြီးကို အသေ ဖမ်းဆီးမိဟု တပ်မတော် ထုတ်ပြန်

တစ်လ နီးပါး ကြာအောင် ပျောက်ဆုံးနေတဲ့ အလွတ်သတင်းထောက် ကိုပါကြီးကို တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်ကြောင်း၊ အမှတ် ၂၀၈ ခြေမြန်တပ်ရင်းမှာ ထိန်းသိမ်းထားစဉ် အစောင့် စစ်သားဆီက လက်နက်ကို လုယူ ထွက်ပြေးဖို့ ကြိုးစားလို့ ပစ်ခတ် ဖမ်းဆီးရာမှာ သေနတ်ဒဏ်ရာနဲ့ အသေ ဖမ်းဆီးမိခဲ့ကြောင်း ကာကွယ်ရေး ဦးစီးဌာနက အောက်တိုဘာ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၃၀ ရက်က ကျိုက်မရောမြို့ စက်လှေဆိပ်မှာ အ၀င်အထွက် စစ်ဆေးစဉ် ရေစိုပြီး ရွှံ့ဗွက်တွေ ပေကျံနေတဲ့ သတင်းထောက် ကိုပါကြီးကို မသင်္ကာလို့ ဖမ်းဆီးခဲ့ကြောင်း၊ အမှတ် ၂၀၈ ခြေမြန် တပ်ရင်းကို လွှဲပြောင်း စစ်ဆေးရာမှာ KKO လက်နက်ကိုင် အဖွဲ့ရဲ့ ပြန်ကြာရေး တာဝန်ခံ ဗိုလ်ကြီး အဆင့်ရှိ အောင်နိုင် အဖြစ် စစ်ဆေး သိရှိရကြောင်း အဲဒီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ကျိုက်မရောမြို့ တိုက်ပွဲမှာ KKO အဖွဲ့က သိမ်းဆည်းသွားတဲ့ လက်နက်တွေ ၀ှက်ထားရာ နေရာကို လိုက်ပြဖို့အတွက် ရွှေဝါချောင်း ကျေးရွာအနီး ရောက်ရှိ ရပ်နားစဉ် ကိုပါကြီးက အစောင့် စစ်သည်ကို လုံးထွေးပြီး သေနတ် လုယူ ထွက်ပြေးဖို့ ကြိုးစားကြောင်း၊ ဒါကြောင့် အစောင့် စစ်သားက ပစ်ခတ် ဖမ်းဆီးရာမှာ သေနတ် ဒဏ်ရာကြောင့် အသေဖမ်းဆီးရမိခဲ့ကြောင်း ကာကွယ်ရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီး ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဇနီး မသန္တာက ပြီးခဲ့တဲ့ရက်က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ကိုပါကြီးဟာ အစိုးရတပ်နဲ့ DKBA တို့ရဲ့ စစ်ရေး သတင်း ဓာတ်ပုံတွေ ရရှိဖို့ မွန်ပြည်နယ်ကို သွားရောက်စဉ် ဥပဒေမဲ့ မတရား ဖမ်းဆီးခံခဲ့ရကြောင်း၊ ဒီလို မတရားဖမ်းဆီး ချုပ်နှောင်မှုနဲ့ ပတ်သက်ပြီး သမ္မတ အပါအဝင် ဝန်ကြီးဌာန ၁၉ ခုကို စာတင်ထားကြောင်း ပြောခဲ့ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ