Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 4, 2014

ဟောင်ကောင် ဆန္ဒပြသူ နဲ့ ကွန်မြူနစ်ထောက်ခံသူ အဓိကရုဏ်းဖြစ်

ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီ အရေးလိုလားတဲ့ ဆန္ဒပြသူတွေနဲ့ ရက်သတ္တပတ်နဲ့ချီ ကြာလာနေပြီ ဖြစ်တဲ့ ဆန္ဒပြပွဲတွေအပေါ် စိတ်ပျက်နေကြတဲ့ ဒေသခံတွေအကြား သောကြာနေ့က လမ်းပေါ်မှာ ရုန်းရင်း ဆန်ခတ် ဖြစ်သွားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ကြားဝင် ဖြန်ဖြေပေးခဲ့ရပါတယ်။

ရာနဲ့ချီတဲ့ ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုကို ထောက်ခံသူတွေက Mong Kok အရပ်မှာ ဆန္ဒပြသူတွေရဲ့ တဲတွေကို ရိုက်ဖျက်၊ နဖူးစည်းစာတမ်းတွေကို စုတ်ဖြဲပစ် လုပ်ခဲ့ရာက နှစ်ဖက် လုံးထွေး သတ်ပုတ်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

လူစုခွဲနိုင်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေက လက်ချင်းချိတ်ပြီး နှစ်ဖွဲ့အကြားမှာ ကြားဝင် ရပ်နေပေးခဲ့ပါတယ်။ ပထမ ကြားဝင် ဖြန်ဖြေနေတဲ့ ရဲတပ်ဖွဲ့နဲ့ မလုံလောက်တဲ့အတွက် တပ်ဖွဲ့အင်အားကို တိုးမြင့် ချထားလိုက်ရပါတယ်။ အပြင်းအထန် ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေတော့ ထွက်မလာသေးပါဘူး။

ဒီအတောအတွင်း - ဆန္ဒပြသူတွေတောင်းဆိုထားတဲ့အတိုင်း ရာထူးက နှုတ်ထွက်ပေးဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ငြင်းဆိုလိုက်တဲ့ အချိန်မှာပဲ အခုပြုလုပ်နေတဲ့ ဒီမိုကရေစီအရေး လိုလားတဲ့ ဆန္ဒပြပွဲတွေဟာ ကျဆုံးသွားမှာပဲ ဖြစ်တဲ့အကြောင်း တရုတ်ကွန်မြူနစ်ပါတီကလဲ သတိပေး ပြောကြားလိုက်ပါတယ်။

ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီ ပိုမို ဖြစ်ထွန်းရေး တောင်းဆိုမှုတွေအပေါ် တရုတ်အစိုးရအနေနဲ့ လိုက်လျောပေးမှာ မဟုတ်တဲ့အကြောင်း၊ ဆန္ဒပြပွဲတွေဟာလည်း ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောဆိုထားတဲ့ လေသံကို သံယောင်လိုက်ပြီး ကွန်မြူနစ်ပါတီပိုင် တရုတ်ပြည်သူ့နေ့စဉ် သတင်းစာမှာ မျက်နှာဖုံးမှာ ရေးသား ဖော်ပြထားပါတယ်။


ကွန်မြူနစ်ထောက်ခံသူတွေ ဆန္ဒပြသူတွေကို ဝင်ရောက် လုံးထွေးသတ်ပုတ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ