Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 24, 2014

လေးလအတွင်း ယာဉ်မောင်းလိုင်စင် လေးထောင်ကျော် ပိတ်သိမ်းအရေးယူခံရ

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စည်းကမ်းမဲ့မောင်းနှင်သည့် ယာဉ်မောင်း လေးထောင်ကျော်ကို ဇူလိုင်လမှ အောက်တိုဘာလ ၂၃ ရက်နေ့အထိ လေးလ အတွင်း ဖမ်းဆီး အရေးယူ ခဲ့ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ခွဲမှူးရုံမှ သတင်းရရှိသည်။

““လစဉ် စည်းကမ်းမဲ့ယာဉ်မောင်း တွေများနေလို့ ဖမ်းဆီးမှုလည်း များနေတာဖြစ်ပါတယ်။ ဒီဖမ်းဆီးမှုတွေပပျောက်အောင် စည်းကမ်းမဲ့ယာဉ်မောင်းတွေကို အနီးကပ် ထိန်းသိမ်းရတဲ့ မိဘအုပ်ထိန်းသူ၊ ယာဉ်ပိုင်ရှင်တွေအနေနဲ့ ကြပ်မတ်ပေးသင့်ပါတယ်””ဟု အမှတ် ၂ ယာဉ်ထိန်းရဲတပ်ခွဲမှူးရုံးမှ ရဲအုပ်အောင်မျိုးလွင် က ပြောကြားသည်။

စည်းကမ်းမဲ့ယာဉ်မောင်းများအား လိုင်စင်ပိတ်သိမ်း အရေးယူမှုကို ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ အောက်တိုဘာလ ၂၃ ရက်နေ့အထိ စည်းကမ်းမဲ့မောင်းနှင်သည့်ယာဉ်မောင်း ၄၃၇၁ ဦးအား ယာဉ်မောင်းလိုင်စင်ပိတ်သိမ်း အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လိုင်စင်ပိတ်သိမ်းအရေးယူ ခဲ့သည့် စည်းကမ်းမဲ့ယာဉ်မောင်းများသည် ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်များ အများဆုံးပါဝင်ကြောင်းနှင့် ခရီးသည်တင်ယာဉ်၊ အငှားကုန်တင်ယာဉ် စသည်ယာဉ်များလည်း ပါဝင်ကြောင်း ရဲအုပ်အောင်မျိုးလွင်က ပြောသည်။

လိုင်စင်ပိတ်သိမ်းအရေးယူခံရသည့် ယာဉ်မောင်းများသည် ယာဉ်အား မီးနီဖြတ်မောင်းခြင်း၊ လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ ခရီးသည်ယာဉ်နောက်တွယ်ခြင်း၊ ယာဉ်နှစ်ထပ်ရပ်ခြင်း၊ မီးပွိုင့်တွင် လူ အတင်အချလုပ်ခြင်း၊ စတေကာကပ်ခြင်း၊ ကြားဆွဲခြင်း၊ ဟွန်းရှည်တီးခြင်း၊ ယာဉ်မ၀င်ရလမ်းဝင်ခြင်း၊ ကွန်တိန်နာလော့မချခြင်း၊ စက်ပြက်ယာဉ်လမ်းမရွေ့ခြင်း၊ ယာဉ်မရပ်လမ်း ရပ်ခြင်း စသည့် စည်းကမ်းချက် များအား ချိုးဖောက်ခဲ့ခြင်းကြောင့် လိုင်စင်ပိတ်သိမ်းအရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံချက်ချ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်စည်းကမ်း များအား ချိုးဖောက်ပါက ဖမ်းဆီးပြီး ပြစ်မှုပြစ်ဒဏ်များအလိုက် ၆ လမှ ၄ နှစ် အထိ ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းသည် အထိ ချမှတ်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယာဉ်စည်းကမ်းချိုး ဖောက်၍ လိုင်စင်ပိတ်သိမ်း အရေးယူ သည့်အမှုတွင် ၇ လပိုင်းနှင့် ၈ လပိုင်းတွင် ၁၉၅၃ မှု၊ ၉ လပိုင်းတွင် ၁၄၁၈ မှုနှင့် ၁၀ လပိုင်း ၂၃ ရက်နေ့အထိတွင် ၁၀၀၀ မှုအထိ ရှိခဲ့ဖြစ်ကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ