၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလ ၂ရ ရက်နေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့နယ်၊ လက်ပံတပင်ကျေးရွာအနီးရှိ ဧရာဝတီမြစ်အတွင်း သဲသောင်ပြင်ရေအိုင်အစပ်တွင် လူတစ်ဦးဓာတ်လိုက်သေဆုံးကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ၎င်းကျေးရွာနေ ခိုင်ဇော်လင်း (၁၅)နှစ်သည် ရေအိုင်အတွင်းရှိ ငါးများအားဘက်ထရီဖြင့်ရှော့ခ်တိုက်ဖမ်းဆီးနေစဉ် ဓါတ်လိုက် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် မင်းဘူးမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၁/၂ဝ၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။




































No comments:
Post a Comment