Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

သားသမီး ပညာရေးနှင့် ပတ်သက်၍ လာရောက် မေးမြန်း ဆွေးနွေးသူ မိဘတစ်ဦးကို ခြိမ်းခြောက်စကားနှင့် စိန်ခေါ်မှုများ ပြုခဲ့ (ပေးစာ)

သို့

ဆည်းဆာ

အယ်ဒီတာခင်ဗျား..

လူကြီးမင်းမှ တဆင့် တာဝန်ရှိ လူကြီးမင်းများ သိစေ၇န် တင်ပြအပ်ပါသည်။

 ကျောက်မဲ ဩဂုတ် ၆

ကျောက်မဲမြို့ပေါ်ရှိ အထက်တန်း ကျောင်းကြီး တစ်ကျောင်းမှ ကျောင်းအုပ်ကြီးသည် ဩဂုတ် ၄ ရက်က သားသမီး ပညာရေးနှင့် ပတ်သက်၍ လာရောက် မေးမြန်း ဆွေးနွေးသူ မိဘတစ်ဦးကို ခြိမ်းခြောက်စကားနှင့် စိန်ခေါ်မှုများ ပြုခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍
"ကျွန်မသမီးရဲ့အရည်အချင်းကို သိချင်လို့ ရိုးသားစိတ်နဲ့ သွားမေးခဲ့တာ ... ကလေးရဲ့ကြိုးစားမှု ရလဒ်ပြောင်းသွားတာကို သိချင်ရုံ သက်သက်ပါ။ မှားတယ် မှန်တယ် မပုတ်ခတ် မစွပ်စွဲရပဲနဲ့ ကလေးရဲ့ အဖြေလွှာကို ကြည့်ချင်လား .. ကြည့်ချင်ရင် ခရိုင်နဲ့မြို့နယ် ပညာရေးမှူးရှေ့မှာ သူတို့ရဲ့ခွင့်ပြုချက်နဲ့ ကြည့်ရမယ်.. ဒီလိုကြည့်ခွင့်ရဖို့ မိခင်ရဲ့ဝန်ထမ်းအလုပ်နဲ့ လဲလှယ်ရမယ် .. စာချုပ်ရေးသား ချုပ်ဆိုရမယ်" လို့ပြောခဲ့တယ်.. ဒါကြောင့် ဒီစကားရဲ့အဓိပ္ပာယ်သေချာအောင် ဖုန်းထပ်ဆက်မေးတော့ အလုပ်နဲ့ လဲလှယ်ရမယ်ဆိုတာ သူပြုတ်ကိုယ်ပြုတ် ဆိုတဲ့အဓိပ္ပာယ်လို့ ထပ်မံဖြေကြားပြီး ခြိမ်းခြောက်စကား နဲ့အတူ စိန်ခေါ်ခဲ့ပါတယ်"ဟု မိခင်ဖြစ်သူ ဒေါ်တင်တင်လတ်ကပြောသည်။

ဆက်လက်ပြီး ဖခင်ဖြစ်သူက

" အမျိုးသမီးက ဝန်ထမ်းဖြစ်သော်လည်း ကျောင်းသားမိဘ တစ်ယောက် ပြည်သူတစ်ယောက်ပါ။ ကိုယ့်ကလေးရဲ့အရည်အချင်းကို သိချင်လို့မေးတာကို ဒီလိုခြိမ်းခြောက်စိန်ခေါ်တာဟာ ယဉ်ကျေးမှုမရှိတာပါပဲ နိုင်ငံတော်မှာ ပြောင်းလဲမှုတွေ လုပ်နေပေမယ့် အောက်ခြေက မပြောင်းနိုင်သေးတာကို တာဝန်ရှိသူတွေ သိစေချင်တယ်"ဟုဆိုသည်။

ပုဂ္ဂလိကကျောင်းတွင် အပ်နှံထားသူ မိဘတစ်ဦးကလည်း "အခုက ပညာရေးကို အားပေးတဲ့ခေတ် ဖြစ်နေပြီ။ သမ္မတကြီးကိုယ်တိုင် ထူးချွန်တဲ့လူငယ်တွေပိုပြီး ထွက်ပေါ်လာဖို့ ပညာသင်ဆုတွေခေါ်နေပြီ .. လူရည်ချွန်တွေမွေးထုတ်ပြီး မြေတောင်မြှောက် ချီးကျူး ဂုဏ်ပြုနေပြီ။ ပညာရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့အချိန်မှာ ပွင့်လင်းမြင်သာဖို့ လိုလာပါပြီ .. အခုဆို အစိုးရကျောင်းတွေက ပုဂ္ဂလိကကျောင်းတွေနဲ့ ယှဉ်ပြိုင်ရတော့မှာ ..ဒီလိုအချိန်မှာ မိဘတွေလာတာကို ကြိုဆိုလက်ခံရမှာပါ။ ခြိမ်းခြောက်တယ် စိန်ခေါ်တယ် ဆိုတာ လုံးဝမဖြစ်သင့်ပါဘူး .. ပုဂ္ဂလိကကျောင်းတွေမှာဆိုရင် ကလေးရဲ့လစဉ်စာမေးပွဲ အဖြေလွှာကို ကလေးနဲ့မိဘတွေကို ပြန်ကြည့်စေတယ် .. ဒီလိုကြည့်ရတဲ့အတွက် အမှားတွေ၊ အားနည်းချက်တွေကို ပြန်ပြင်ဆင်ခွင့်ရတယ်"လို့ဆိုသည်။

ယခုအခါနိုင်ငံတော်တွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေချိန် တွင် စာသင်ကျောင်းအချို့တွင်လည်း မိဘပြည်သူများကို နွေးထွေးပျူငှာစွာ ဆက်ဆံပြီး ကျောင်းသား ကျောင်းသူများ၏ပညာရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးတိုင်ပင်ခွင့်ကို လွတ်လပ်စွာ ခွင့်ပြုသင့်ကြောင်း ကျောင်းသားမိဘများက သုံးသပ်ပြောကြားသည်။

 လေးစားစွာဖြင့်
 မလတ်(ကျောက်မဲ)

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ