Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 24, 2014

ဗဟိုစံပြငါးဈေးအပြင်ဘက်ရှိ ပျံကျဈေးဆိုင်ခန်းများအား ရွှေပိတောက်ဈေးသစ်သို့ အောက်တိုဘာ ၂၃ ရက် နောက်ဆုံးထားပြောင်းရွှေ့ပေးရန် ခရိုင်စည်ပင် အမိန့်စာထုတ်ပြန်

 
လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဗဟိုစံပြငါးဈေးရှေ့တွင် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက တွေ့ရစဉ်  ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးအပြင်ဘက်ရှိ ပျံကျဈေးဆိုင်ခန်းများအား အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီတွင် ရွှေပိတောက်ဈေးသစ်သို့ နောက်ဆုံးထားရွှေ့ပြောင်းပေးရန် ခရိုင်စည်ပင်က အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် ဗဟိုစံပြငါးဈေးအတွင်း အသိပေးအကြောင်းကြားစာ လာရောက်ကပ်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက် နံနက် ၁ နာရီခွဲအထိ လုံခြုံရေးတပ်ဖွဲ့ဝင်များချထားကာ ပျံကျဈေးဆိုင်ခန်းများအား နေရာချခင်းခြင်းမပြုရန် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
  "အဓိက,က နတ်စင်လမ်းမှာရှိတဲ့ ပင်လယ်ငါးရောင်းတဲ့ဈေးသည်တွေကို လုံခြုံရေးချထားတာဖြစ်တယ်။ ပထမဆုံးအနေနဲ့ ဖမ်းဆီးခြင်းမရှိဘဲ ဓာတ်ပုံရိုက်အသိပေးတာမျိုးပဲလုပ်မယ်။ နောက်ပိုင်း ဘယ်လိုမျိုးအရေးယူသွားမယ်ဆိုတာကိုတော့ စည်ပင်ဝန်ကြီးဌာနကပဲ ဆောင်ရွက်မှာပါ။ ကျွန်တော်တို့ ဈေးသာယာရေးအနေနဲ့ ဈေးအတွင်းမှာရှိတဲ့ကိစ္စတွေကိုပဲ ဆောင်ရွက်ပေးမှာပါ။ ဈေးပြင်မှာရှိတဲ့အပိုင်းကိုတော့ စီမံ/လုံခြုံကပဲ ဆောင်ရွက်တာပါ။ အခုလိုပြောင်းရွှေ့ခိုင်းတာကလည်း ရွှေပိတောက်ဈေးသစ်မှာ ရောင်းသူနဲ့ဝယ်သူမျှအောင်လို့ပါ" ဟု ဈေးသာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က အောက်တို ဘာ ၂၄ ရက် နံနက်က ပြောကြားသည်။  ယင်းသို့ပြောင်းရွှေ့ပေးရန် အကြောင်းကြားစာလာရောက်ကပ်မှုကြောင့် ကြည့်မြင်တိုင်ဗဟိုစံပြငါးဈေးရှိ ပျံကျဈေးသည်များမှာ အခက်အခဲဖြစ်ပေါ်လာရှိပြီး စံပြဈေးသစ်သို့ ပြောင်းရွှေ့ရာတွင် ဆိုင်ခန်းဈေးခများမြင့်မားခြင်း၊ ဖောက်သည်များများမရှိတော့ခြင်း၊ ချက်ချင်းပြောင်းရွှေ့ရန် မဖြစ်နိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ဗဟိုစံပြငါးဈေးမှပျံကျဈေးသည်များ၏ ပြောပြချက်များအရ သိရသည်။  "ဒီဈေးမှာပဲဆက်ပြီးဈေးရောင်းချင်တယ်။ ဈေးသစ်ကိုပြောင်းရင် ဒီကဖောက်သည်တွေနဲ့လည်း မိတ်ပျက်ကုန်မယ်။ ဈေးသစ်ကဆိုင်းခန်းငှားခတွေကလည်း တော်တော်မြင့်တယ်။ ဘယ်လိုမှမတတ်နိုင်ဘူး။ ညီမတို့မှာ မိသားစုစားဝတ်နေရေးလည်းရှိတယ်။ ဒီညချက်ချင်းကြီးပြောင်းရွှေ့ပေးရမယ်တဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ မပြောင်းပေးရင် စည်ပင်က အင်အားသုံးဖယ်ရှားပစ်မယ်လို့လည်း ပြောသွားတယ်" ဟု ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးအတွင်း ဈေးရောင်းလျက်ရှိသည့် မအေးမွန်ကပြောပြသည်။  "ကျွန်တော်တို့ငါးဖယ်ခြစ်လုပ်သားတွေအနေနဲ့ တစ်နေ့လုပ်မှ ၃၅၀၀ ရတာ။ အဲဒါကို ဟိုဈေးပြောင်း ဒီဈေးပြောင်းဆိုတော့ ကားခနဲ့လည်းမကာမိဘူး။ ဗဟိုစံပြငါးဈေးမှာက လုပ်နေကျဆိုတော့ အစစအရာအဆင်ပြေတယ်။ ဈေးသစ်မှာဆို အဆင်မပြေဘူး" ဟု  ငါးဖယ်ခြစ်လုပ်သားတစ်ဦးကဆိုသည်။  ယင်းဗဟိုစံပြငါးဈေးအပြင်ဘက်ရှိ ပျံကျဈေးဆိုင်ခန်းများမှာ ဆိုင်ခန်းပေါင်းတစ်ရာကျော်ရှိပြီး ၎င်းတို့ဆိုင်ခန်းများအား အင်အားသုံးဖယ်ရှားမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ