Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 28, 2014

သြစီမှာ ခိုလှုံသူတွေကို ပြန်မပို့ဖို့ တောင်းဆိုနေ

သြစတြေးလျနိုင်ငံမှာ ​လာရောက်ခိုလှုံခွင့် တောင်းတဲ့ ​အသက် ​၂၀ ​အရွယ် ​အာဖဂန်နစ္စတန် ​နိုင်ငံသား ​တစ်ဦးကို ​သြစတြေးလျ ​အစိုးရက ​အတင်းအဓမ္မ ​ပြန်ပို့ဖို့ ​လုပ်ဆောင်တဲ့ အတွက် ​ဒုက္ခသည်အရေး ​ဆောင်ရွက်သူ တွေက ​ပြန်မပို့ဖို့ ​တောင်းဆို လိုက်ပါတယ်။

အခု ​ပြန်ပို့ခံရမယ့်သူ ​မတိုင်ခင် ​အရင်လတုန်းက ​Zainullah ​Naseri ​ဆိုတဲ့ ​လူ ​ပြန်ပို့ခံခဲ့ရပြီး ​အာဖဂန်နစ္စတန်မှာ ​သူ့အနေနဲ့ ​ဖမ်းဆီးမှုတွေ ​ခံခဲ့ရတယ်လို့ ​ပြောပါတယ်။

Zainullah ​Naseri ​က ​အာဖဂန်ရဲတွေဆီ ​ဦးတည်လာနေတုန်း ​ရဲတွေက ​သူ့ကို ​သေနတ်နဲ့ ​ပစ်ခဲ့တဲ့ ​ဗီဒီယိုကို ​အေဘီစီက ​ရရှိထားပါတယ်။

ရဲတွေကတော့ ​သူ့ကို ​အကြမ်းဖက်သမားလို့ ​ထင်ပြီး ​ပစ်ခတ်ခဲ့တာလို့ ​ပြောပါတယ်။

Naseri ​ရဲ့ ​တစ်ကိုယ်လုံးဟာ ​ဖုန်တွေနဲ့ ​ညစ်ပတ်နေပြီး ​အင်္ကျီတွေလည်း ​စုတ်ပြဲနေတာကို ​တွေ့ခဲ့ရပါတယ်။

သူ့ရဲ့အဆိုအရ ​သူ့အနေနဲ့ ​သြစတြေးလျနိုင်ငံကနေ ​အတင်း ​ပြန်ပို့ခံရပြီးနောက် ​ကာဘူးလ်မြို့ကနေ ​သူကြီးလာခဲ့တဲ့ ​ဒေသကို ​အသွားမှာ ​တာလီဘန်တွေက ​သူ့ကို ​ဖမ်းဆီး ​လိုက်ပါတယ်။

ဒါပေမဲ့ ​ဒီနောက်ပိုင်းမှာ ​ထွက်ပြေးလွတ်မြောက်လာပြီး ​အာဖဂန် ​ရဲတွေဆီ ​ပြေးလာတာ ​ဖြစ်ပါတယ်။

အာဖဂန်ရဲတွေက ​သူ့ကို ​စစ်ဆေးပြီး ​နောက်ပိုင်းမှာ ​လွတ်ပေးလိုက်ပါတယ်။

သြစတြေးလျနိုင်ငံကနေ ​ပြန်ပို့ခံရသူတစ်ဦး ​အဲဒီလို ​ကြုံတွေ့ရတဲ့အတွက် ​အခုတခါ ​ပြန်ပို့ခံရမယ့် ​လူတွေ ​အလားတူ ​ခံစားရမယ့်ကိန်း ​ဆိုက်နေတဲ့အတွက် ​သြစတြေးလျအစိုးရကို ​ပြန်ပို့ခွင့် ​မတောင်းဖို့ ​ဒုက္ခသည်အရေး ​လှုပ်ရှားသူတွေက ​ပြောပါတယ်။

သြစတြေးလျ ​အစိုးရကတော့ ​ဒီလူတွေကို ​ဒုက္ခသည် ​အစစ်အမှန်လို့ ​မယူဆတဲ့အတွက် ​ပြန်ပို့လိုက်တာလို့ ​ပြောဆိုနေပါတယ်။



Zainullah Naseri ကို အာဖဂန်ရဲတွေ စစ်ဆေးစဉ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ