Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 5, 2014

ဆီရီးယားနှင့် တူရကီ နယ်စပ်တွင် ကာ့ဒ်တပ်ဖွဲ့နှင့် အိုက်အက်စ်အဖွဲ့တို့ တိုက်ပွဲပြင်းထန်

ဆီရီးယားနဲ့ တူရကီ နယ်စပ် ကိုဘာနီမြို့မှာ အောက်တိုဘာ ၃ ရက်နေ့ မနက်ပိုင်းမှာတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

နယ်စပ်ဒေသမှာ နေထိုင်တဲ့ ကာ့ဒ် လူမျိုးတွေကို ကာကွယ်ပေးဖို့၊ ကာဒ့်နယ်မြေကို အစ္စလာမ္မစ် နိုင်ငံတော်အခံ သောင်းကျန်းသူအဖွဲ့ လက်ထဲကို မကျရောက်ဖို့ လိုအပ်သလို လုပ်သွားမယ်လို့ တူရကီ လွှတ်တော်က အစိုးရကို အခွင့်အာဏာအပ်နှင်းလိုက်ပြီး နောက်တရက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

အိုက်အက်စ် တိုက်ခိုက်ရေးသမားတွေဟာ ကိုဘာနီမြို့ဆီကို စစ်မျက်နှာ သုံးဖက်ကနေ ချီတက်နေပြီး ပတ်ပတ်လည်က ရွာတွေ ရာနဲ့ချီပြီး သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ဒီရက်တွေ အတွင်း တူကရီဘက်ကို ထွက်ပြေးရတဲ့ ကာ့ဒ်ဒုက္ခသည်ကလည်း ၁ သိန်း ၅ သောင်းကျော်သွားပါပြီ။

နေတိုးအဖွဲ့ဝင် တူရကီ နယ်စပ် မြင်သာတဲ့ နေရာမှာ အိုင်အက်စ်တပ်ဖွဲ့တွေ ချီတက်နေတာကြောင့် တူရကီ အနေနဲ့ စစ်ရေးအရ ခိုင်မာတဲ့ ရပ်တည်ချက်ကို ပြသဖို့ ဖိအားတွေ တိုးနေပါတယ်။

ဒါပေမယ့် တူရကီကလည်း စစ်ရေးအရ ကြားဝင်ဆောင်ရွက်ရင် နယ်စပ်လုံခြုံရေးအခြေအနေ ပိုဆိုးမှာကို စိုးရိမ်နေတာပါ။

ဆီရီးယား သမ္မတ ဘာရှားအယ် အာဆတ်ကို အားဖြည့်ပေးဖို့နဲ့ တူရကီ အစိုးရကို နှစ် ၃၀ လောက် ဆန့်ကျင်ခဲ့တဲ့ ကာ့ဒ် အလုပ်သမားပါတီ (ကေပီပီ) နဲ့ ဆက်နွယ်နေတဲ့ ကာ့ဒ် တပ်ဖွဲ့ဝင်တွေကို အားဖြည့်ပေးဖို့ကိစ္စကိုလည်း တူရကီက တွန့်ဆုတ်နေပါတယ်။

အကျဉ်းကျခံနေရတဲ့ ကေပီပီ ခေါင်းဆောင် အပ်ဗဒူလာ အိုကာလန်ကလည်း ကာ့ဒ် လူမျိုးတွေ အစုလိုက်အပြုံလိုက်အသတ်ခံရရင် တူရကီ အစိုးရနဲ့ ကေပီပီတို့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လမ်းစပျောက်သွားလိမ့်မယ်လို့ ပြောထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ