Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 28, 2014

အိန္ဒိယထောင်ပြေး လွတ်မြောက်လာမှုကြောင့် ထိုင်းနိုင်ငံ ဖူးခက်တွင် လုံခြုံရေး တိုးမြှင့်

ဘန်ကောက် ၊ ၂၈-၁၀-၂၀၁၄

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ကို သတ်ဖြတ်မှုဖြင့် ထောင်ဒဏ် ကျခံပြီးနောက် ထွက်ပြေး လွတ်မြောက်လျက် ရှိသည့် လူသတ်သမား တစ်ဦးသည် နိုင်ငံ အတွင်းသို့ ဝင်ရောက် လာနိုင်ဖွယ် ရှိသည် ဟူသော သတင်းကြောင့် ထိုင်းနိုင်ငံ အတွင်းရှိ အပန်းဖြေ စခန်းတစ်ခု ဖြစ်သည့် ဖူးခက်၌ ယမန်နေ့တွင် လုံခြုံရေးကို တင်းကျပ် ခဲ့ရကြောင်း ဒေသအတွင်းရှိ မီဒီယာ တစ်ခုက ဖော်ပြခဲ့သည်။

ထိုင်းအာဏာပိုင် များသည် ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ ဘီယန့်ဆင်းဂ် ကို သတ်ဖြတ် ခဲ့သည့် လူသတ်သမား ဂျက်တာဆင်းဂ် ဟာဝါရာ သည် နိုင်ငံအတွင်း သို့ ဝင်ရောက်ရန် မလေးရှား နယ်စပ် အနီး၌ တွေ့ရှိခဲ့ ပြီးနောက် အစိုးရ ၏ သတင်းပေး ပို့ခြင်းကို လက်ခံရရှိ ခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၄) ဒေသ၏ ပြည်တွင်း လုံခြုံရေး ဆိုင်ရာ စစ်ဆင်ရေး ဌာနချုပ် ( ISOC ) မှ လက်ထောက် အတွင်းရေးမှူးချုပ် ဂျာတူပွန် ကလမ်ပါဆွတ် က ပြောကြားခဲ့သည်။

ထောင်ပြေး ဂျက်တာဆင်းဂ် ဟာဝါရာ သည် ဆွန်ဂိုင်ကိုလော့၊ နာရာသီဝပ် ပြည်နယ်မှ တစ်ဆင့် ပါကစ္စတန်နိုင်ငံ သို့ ဆက်လက် ထွက်ခွာနိုင်ဖွယ် ရှိကြောင်း ထိုင်းအစိုးရက ယူဆထားသည်။

ထောင်ပြေး ဂျက်တာဆင်းဂ် ဟာဝါရာ သည် ၁၉၉၅ ခုနှစ်အတွင်းက ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဘီယန့်ဆင်းဂ် ကို လုပ်ကြံ သတ်ဖြတ်မှုဖြင့် ထောင်ဒဏ် ကျခံနေရစဉ် အကျဉ်းထောင်မှ အခြား ရာဇဝတ်သား နှစ်ဦးနှင့်အတူ လွတ်မြောက် သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းအနေဖြင့် နိုင်ငံအတွင်းသို့ ဝင်ရောက် လာခဲ့ပါက ဖမ်းဆီးရန် အတွက် ယခုအခါ ထိုင်းတရားရုံး တစ်ခုက ဖမ်းဆီးခွင့်ကို ထုတ်ပြန် ထားပြီး ဖြစ်ကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ