Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 5, 2014

ဟောင်ကောင်အဓိကရုဏ်း ၁၉ ဦးဖမ်းဆီး

ဟောင်ကောင်မှာ တနင်္လာနေ့ကစပြီး ဒီမိုကရေစီ တောင်းဆို ဆန္ဒပြနေသူတွေ ပိတ်ဆို့ထားတဲ့ လမ်းတွေကို ရှင်းလင်း ဖယ်ရှားဖို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး C Y Leung က ရုပ်မြင်သံကြား ပေါ်ကနေ ဒီကနေ့ စနေနေ့မှာ ပြောကြား လိုက်ပါတယ်။

‘အများပြည်သူတာဝန်ကိုထမ်းနေကြတဲ့ အစိုးရဝန်ထမ်း ၃၀၀၀ တနင်္လာနေ့မှာ ရုံးတက်ပြီး သူတို့အလုပ်ကို လုပ်နိုင်ကြဖို့ အစိုးရရုံးတွေရှိရာ လမ်းတွေကို ရှင်းလင်းနိုင်ဖို့က အခုအရေးအကြီးဆုံးလုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။ Central နဲ့ Wanchai ရပ်ကွက်တွေက လမ်းတွေကိုလဲ ပြန်ဖွင့်ပေးရပါမယ်၊ ဒါမှ ကျောင်းသူ ကျောင်းသားတွေ ကျောင်းတက်နိုင်ကြမှာဖြစ်တယ်’-လို့ အုပ်ချုပ်ရေးမှုး CY Leung က ရုပ်မြင်သံကြားပေါ်ကနေ ပြောကြားသွားတာဖြစ်ပါတယ်။

အလုပ်အကိုင်တွေပျက်လို့ မကျေမနပ်ဖြစ်နေကြတဲ့ မြို့ခံတွေနဲ့ ဆန္ဒပြသူတွေကြား ဒုတိယနေ့ဆက်တိုက်အဖြစ် ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်နေချိန်မှာပဲ အုပ်ချုပ်ရေးမှုးက ခုလို ပြောကြားခဲ့တာပါ။

လမ်းတွေပေါ်မှာ ဆန္ဒပြနေကြသူတွေကို အတင်း ရှင်းလင်းနှင်ထုတ်ဖို့ ကြိုးစားတဲ့ လူအုပ်ကြီးနဲ့ ဒီမိုကရေစီတောင်းဆိုဆန္ဒပြနေကြသူတွေကြား သောကြာနေ့ညတုန်းက အကြမ်းဖက်မှုတွေဖြစ်ခဲ့မှုအတွင်း ရဲက ၁၉ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းမိသူတချို့ဟာ Triad တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ရကြောင်း ရဲကပြောခဲ့ပါတယ်။

လမ်းတွေရှင်းသွားအောင် ကြိုးစားတဲ့အနေနဲ့ မြို့အာဏာပိုင်တွေက ရာဇဝတ်ဂိုဏ်းသားတွေနဲ့ ဒီမိုကရေစီရေးဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဟောင်ကောင်လုံခြုံရေးဆိုင်ရာ အကြီးအကဲ Lai Tung-kwok က ပြင်းပြင်းထန်ထန် ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုပြောဆိုစွပ်စွဲမှုတွေဟာ လုံးဝအဓိပ္ပာယ် မရှိသလို တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နေကြတဲ့ ရဲအရာရှိတွေအတွက်လည်း လုံးဝ မမျှတပါဘူးလို့ သူကပြောသွားပါတယ်။

ဟောင်ကောင်မှာ တရုတ်ပြည်မကြီးအစိုးရရဲ့ လွှမ်းမိုးမှု မပါဘဲ ဟောင်ကောင်အုပ်ချုပ်ရေးမှုးကို ရွေးချယ်နိုင်ခွင့်ရရှိရေးအတွက် ကျောင်းသားအများစုဖြစ်တဲ့ ထောင်သောင်းချီတဲ့ ဟောင်ကောင်ပြည်သူတွေက လူအစည်ကားဆုံးနေရာတချို့မှာ ပိတ်ဆို့ဆန္ဒပြနေကြတာ သတင်းတပတ်ကျော်ရှိနေပါပြီ။


ဟောင်ကောင်ဆန္ဒပြပွဲ နှိမ်နင်းမှု မှတ်တမ်းဓာတ်ပုံ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ