Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 27, 2014

ပုဂ္ဂလိကဆန်စက် လျှပ်စစ်ဓါတ်အားပေး မီးကြိုးမှ လူလေးဦး ဓာတ်လိုက်သေဆုံး

ဧရာဝတီတိုင်း ဒေသကြီး  မော်လမြိုင်ကျွန်းမြို့ နယ် ကျွဲခြံကျုံလမု ကျေးရွာအုပ်စု ကျွဲခြံကျုံလမု ကျေးရွာတွင် အောက်တိုဘာ ၂၅ ရက် ညနေ ၆ နာရီခန့် က ကျေးရွာအတွင်း မီးပေးထားသော မီးကြိုးမှ လူ(၄)ဦးဓာတ်လိုက် သေဆုံးကြောင်း သစ်ထူးလွင်မှ သိရသည်။

ဖြစ်ပွားပုံမှာ ကျွဲခြံကျုံလမုကျေးရွာ နေ ဒေါ်အေးမူ၏ နေအိမ်ရှေ့ ၌ မောင်မင်းထက်ကျော်(၁၁)နှစ်သည် မပန်းအိဖြိုး (၃) နှစ် အားချီ၍ နေအိမ်မှ အထွက်တွင် ကျေးရွာအတွင်း ဦးဝင်းကြည် ၏ သီရီရွှေစင် ဆန်စက်မှ အခကြေးငွေဖြင့် မီးပေးထားသော ဓာတ်ကြိုး အောက်အရောက်တွင် အဆိုပါ ကလေးငယ်(၂)ဦးလဲကျသွား
သည်ကို မလှသူဇာ မှမြင်တွေ့ ၍အော်သဖြင့် မပန်းအိဖြိုး ၏ မိခင်ဖြစ်သူ မဝင်းသူဇာမှ လဲကျနေသူများအား သွားဆွဲခဲ့ကြောင်း ဆက်လက်ပြီး ဒေါ်လှမြင့် ၊ဒေါ်အေးမူ နှင့် မောင်မျိုးသူရအောင် တို့ ပါဝင်ဆွဲရာ မှ အဆိုပါ (၆)ဦးစလုံး ဓါတ်လိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်လိုက်မှုကြောင့် ဒေါ်လှမြင့် (၆၀)နှစ် ၊ဒေါ်အေးမူ (၅၀)နှစ် ၊မျိုးသူရအောင် (၂၅)နှစ် ၊မဝင်းသူဇာ (၂၈)နှစ် တို့ (၄)ဦးသေဆုံး၍ မင်းထက်ကျော် (ယာလက် စုတ်ပြဲဒဏ်ရာ) ၊မပန်းအိဖြိုး (ဝဲဘက် လောင်ကျွမ်းဒဏ်ရာ) ၊ဖြိုးမင်း(ဝဲဘက် စုတ်ပြဲဒဏ်ရာနှင့်ယာခြေ ထုံကျင်ဒဏ်ရာ)များရရှိကာ မော်ကျွန်းကုတင် (၁၀၀) ပြည်သူဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စုံးစမ်းစစ်ဆေးနိုင်ရန်  မြတ်သာနယ်မြေ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရှိရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ