Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 5, 2014

ဟောင်ကောင်ရဲအဖွဲ့ကို ထောက်ခံဆန္ဒပြ

ဟောင်ကောင်မှာ ဒီမိုကရေစီ ထောက်ခံသူ တွေက တဖက်၊ အစိုးရ ထောက်ခံ သူတွေက တဖက် အခြေအနေတွေ တင်းမာနေချိန်မှာပဲ ရဲအဖွဲ့ကို ထောက်ခံတဲ့ ဆန္ဒပြသမား ၂၀၀ လောက်လည်း အောက်တိုဘာလ ၄ ရက်နေ့မှာ လမ်းပေါ် ထွက်လာကြ ပါတယ်။

ဟောင်ကောင်ရဲ့ North Point ရဲဌာန အပြင်ဘက်မှာ ဆန္ဒပြသူတွေထဲမှာ လူကြီးပိုင်းက အများစု ဖြစ်ပြီး အစိုးရကို ထောက်ခံသူတွေပါလို့ သူတို့ကိုယ်သူတို့ ပြောပါတယ်။

ရဲအဖွဲ့ကို ထောက်ခံတဲ့ ကြွေးကြော်သံတွေ၊ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ထားကြ ပါတယ်။ ဆန္ဒပြသမားတွေထဲက တချို့က လမ်းပေါ်မှာ အကြမ်းဖက်တာကို ဘယ်သူပဲ လုပ်လုပ် လက်မခံနိုင်ဘူးလို့ ပြောကြပါတယ်။

တချို့ တွေက ဖဲကြိုးပြာအုပ်စုဝင်ပါလို့ ပြောပေမယ့် သူတို့အဖွဲ့နဲ့ မဆိုင်ဘူးလို့ ဆန္ဒပြပွဲကို စည်းရုံသူ လက်တီစီယာ လီစီ ရင်က ပြောပါတယ်။ ကျောင်းသားတွေကို လမ်းပေါ်ကနေ ထွက်သွားဖို့ အကြမ်းနည်းသုံးပြီး မောင်းထုတ်သူတွေဟာလည်း ဖဲကြိုးပြာ လှုပ်ရှားမှုအဖွဲ့နဲ့ မဆိုင်ဘူးလို့ ရှင်းပြပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့မှာလည်း ထောင်နဲ့ ချီတဲ့ တန်ပြန်ဆန္ဒပြသမားတွေနဲ့ ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြသမားတွေ အခြေအတင်ဖြစ်ခဲ့ပါတယ်။ မောင်းကွခ်မြို့နယ် လမ်းပေါ်မှာ နှစ်ဖက် အခြေအနေ တင်းမာလို့ ရဲက ၀င်ထိန်းပေးခဲ့ရပါတယ်။

ရဲအဖွဲ့က ထိန်းသိမ်းခဲ့တဲ့အထဲမှာ လူမိုက်ဂိုဏ်းဝင် ၈ ယောက်လည်း ပါဝင်တယ်လို့ သံသယရှိနေပါတယ်။ ရဲအရာရှိ ၆ ယောက်နဲ့ လူ ၁၈ ယောက်လောက် ဒဏ်ရာရသွားတယ်လို့ ဟောင်ကောင်အခြေစိုက် RTHK ရုပ်မြင်သံကြားသတင်းက ဆိုပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ