Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

ရန်ကုန်မြို့ Diamond & Me ရတနာရွှေဆိုင်တွင် စိန်ထည် ခိုးယူမှုဖြစ်ပွား

ရန်ကုန် ၊ ၂၅-၁၀-၂၀၁၄

ရန်ကုန်တိုင်း ဒေသကြီး ၊ လမ်းမတော် မြို့မ ရဲစခန်းရှေ့ရှိ  Diamond & Me ရတနာ ရွှေဆိုင်၌ စိန်ထည် ခိုးယူမှု ဖြစ်ပွားသဖြင့် သံသယရှိသူ စင်ကာပူ နိုင်ငံသား နှစ်ဦးအား တစ်ဖက် နိုင်ငံသို့ ထွက်ပြေး လွတ်မြောက်မှု မရှိစေရန် လေဆိပ်နှင့် နယ်စပ်ဂိတ် များ၌ စစ်ဆေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း လမ်းမတော် မြို့မရဲစခန်း မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

လက်ရှိတွင် ၄င်း ရွှေဆိုင်မှ တပ်ဆင် ထားသည့် CCTV ကင်မရာမှ တစ်ဆင့် ရရှိထားသော မှတ်တမ်း ဓာတ်ပုံနှင့် အထောက်အထား များတွင် တရားခံ ဟု ယူဆရသူ များကို ပြည်ပ နိုင်ငံများသို့ ထွက်ပြေး လွတ်မြောက်မှု မရှိစေရေး အတွက် စနစ်တကျ စစ်ဆေး အရေးယူ နိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် လမ်းမတော် မြို့နယ်ရှိ Diamond & Me ရတနာရွှေဆိုင် ၌ စင်ကာပူ နိုင်ငံသား တရုတ်လူမျိုး နှစ်ဦးမှ ငွေကျပ်သိန်း ၁၉ဝ တန်ဖိုးရှိ စိန်နားကပ် တစ်ရန်ကို ကြည့်ရှုသဖြင့် အရောင်း စာရေး က ပြသခဲ့ရာ ငါးကြိမ်ခန့် ကြည့်ရှုပြီးနောက် မည့်သည့် ပစ္စည်းမှ ဝယ်ယူခြင်း မရှိဘဲ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။ ယင်းနောက် ၄င်းတို့ ပြန်သွားပြီး နောက် ၄င်းတို့ ကြည့်ခဲ့သော စိန်နားကပ်မှာ မရှိတော့ သဖြင့် လမ်းမတော် ရဲစခန်း၌ တိုင်တန်း ခဲ့သောကြောင့် အမှုဖြစ်စဉ် များကို စစ်ဆေးပြီး တရားခံ များအား အမြန်ဆုံး ဖမ်းမိနိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လမ်းမတော်မြို့မ ရဲစခန်းမှ (ပ)၂၃၅/ ၂ဝ၁၄ ပြစ်မှု ပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်ကာ ပြစ်မှု ကျူးလွန်သူ များအား ဖမ်းဆီး ရမိရေး ဆောင်ရွက် နေပြီး လေဆိပ်၊ နယ်စပ်ဂိတ် နှင့် တိုးဂိတ်များ တွင်လည်း တရားခံအဖြစ် ယူဆရသူ များ၏ ဓာတ်ပုံနှင့် အထောက် အထားများကို ဖြန့်ဝေ ထားကြောင်း၊ အဆိုပါ ပြစ်မှု ကျူးလွန်သူ များသည် စင်ကာပူ နိုင်ငံသား တရုတ် လူမျိုးများ ဖြစ်နိုင်သည်ဟု ယူဆ ရကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ