Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

အစ္စလာမ်ဘာသာဝင်တို့ရဲ့ Eid al-Adha ပွဲတော်

အစ္စလာမ်ဘာသာဝင်တွေရဲ့ အကြီးမားဆုံး အားလပ်ရက်ရာသီ အစဖြစ်တဲ့ Eid al-Adha ဒါမှမဟုတ် Feast of Sacrifice ပွဲတော် ကို ကမ္ဘာတ၀န်းက မူစလင်တွေ ဆင်နွှဲနေကြပါပြီ။

Hajj လို့ခေါ်ကြတဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံက Mecca မြို့မှာ မူစလင် ဘာသာရေးခရီးသွား နှစ်သန်းကျော် ရောက်နေကြပါတယ်။

Mecca မြို့ပြင်က Mina အရပ်မှာ စနေနေ့ကျင်းပတဲ့ မကောင်းဆိုးရွားအား ကျောက်ခဲနှင့်ပစ်ပေါက်ခြင်း ဆိုတဲ့ အခမ်းအနားမှာ ဘာသာရေးခရီးသွားတွေ ပါဝင်ဆင်နွှဲကြပါတယ်။ ဒါဟာဖြင့် ဘာသာရေး ကျမ်းစာလာ တမန်တော် အေဘရာဟင်မ်ရဲ့ ဇာတ်လမ်းကို ပြန်ပြီး သရုပ်ဖော်တာဖြစ်ပါတယ်။

အေဘရာဟင်မ်က ဘုရားသခင်အပေါ် သူ့ရဲ့ ယုံကြည်ကိုးစားမှုကို သက်သေပြတဲ့အနေနဲ့ သားဖြစ်သူကို ဘုရားသခင်ထံ စွန့်လွှတ် ပေးအပ်တာကို အထိမ်းအမှတ်ပြုပြီး အခု အစ်ဒ်ပွဲတော်ကို ဆင်နွှဲကြတာပါ။

မူစလင်တွေအနေနဲ့ တတ်နိုင်တယ်ဆိုရင် သူတို့ဘ၀တသက်တာမှာ အနည်းဆုံးတကြိမ်တော့ Mecca ခရီးစဉ်ကို သွားကြရပါတယ်။

ဒီနှစ်မှာတော့ အီဘိုလာဗိုင်းရပ်စ်ပိုး ပြန့်နှံ့ဖြစ်ပွားနေတဲ့ အနောက်အာဖရိကဒေသ ဂီနီ၊ လိုင်းဘေးရီးယားနဲ့ ဆီယာရာ လီယွန်း နိုင်ငံတွေက ဘာသာရေးခရီးသွား ၇,၀၀၀ ကျော်ကို ဆော်ဒီအာရေးဘီးယားက ပိတ်ပင် ကန့်သတ်ထားပါ တယ်။


မက္ကာမြို့ရှိ Grand Mosque အပြင်ဘက်တွင် ၀တ်ပြုနေကြသည့် မူစလင်များ။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ