Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 7, 2014

IS စစ်သွေးကြွ ၁၈၀ ကို တူရကီ လွတ်ပေး

အကျဉ်းသားခြင်း ​ဖလှယ်တဲ့အနေနဲ့ ​တူရကီနိုင်ငံက ​IS ​စစ်သွေးကြွအဖွဲ့ဝင် ​စစ်သား ​အယောက်ပေါင်း ​၁၈၀ ​ကို ​IS ​အဖွဲ့ရဲ့ ​လက်ထဲ ​ပြန်လည်အပ်နှံလိုက်ကြောင်း ​ဗြိတိန်သတင်းတွေမှာ ​ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လတုန်းကပဲ ​ဂျီဟတ်ဒစ် ​သမားတွေကနေ ​သုံးလကြာ ​ဖမ်းဆီးခံထားရတဲ့ ​တူရကီ ​ကောင်စစ်ဝင် ​အမှုထမ်း ​၄၆ ​ယောက် ​ပြန်လည် ​လွတ်မြောက်လာတဲ့အပေါ် ​တူရကီအစိုးရက ​ကြိုဆိုမှုတွေ ​လုပ်ခဲ့ပါတယ်။

အဲဒီတုန်းက ​ဘာကြောင့်၊ ​ဘယ်လို ​လွတ်လာသလဲ ​ဆိုတာကို ​တူရကီအစိုးရက ​ပြောဆိုထားခြင်းမရှိသလို ​သူတို့အနေနဲ့ ​ပြန်ပေးဆွဲသမားတွေကို ​ငွေကြေးတွေ ​မပေးခဲ့ရဘူးလို့ ​ပြောဆိုခဲ့ဖူးပါတယ်။

အခုအခါမှာတော့ ​ဗြိတိန်အခြေစိုက် ​Times ​သတင်းစာအရ ​တူရကီက ​IS ​အဖွဲ့ဝင် ​အကျဉ်းသား ​အယောက် ​၁၈၀ ​နဲ့ ​ဖလှယ်တာဖြစ်ပြီး ​အဲဒီအထဲမှာ ​ဗြိတိန်နိုင်ငံသား ​သုံးဦး ​ပါဝင်တယ်လို့ ​ဖော်ပြထားပါတယ်။

အဲဒီ ​သတင်းဟာ ​ယုံကြည်ရတဲ့ ​သတင်းဖြစ်တယ်လို့ ​ပြောဆိုနေကြသလို ​ဗြိတိန်နိုင်ငံခြားရေး ​ဝန်ကြီးဌာနကလည်း ​ပြန်လွတ်မြောက်လာသူ ​IS ​အဖွဲ့ထဲမှာ ​အသက် ​၁၈ ​နှစ်အရွယ် ​ဗြိတိန်နိုင်ငံသား ​တစ်ဦး ​ပါဝင်တယ်လို့ ​အတည်ပြုပေးခဲ့ပါတယ်။

အဲဒီ ​ဗြိတိန်နိုင်ငံသားဟာ ​မနှစ်ကတည်းက ​တူရကီနိုင်ငံမှာ ​ပျောက်ဆုံးသွားသူ ​ဖြစ်ကြောင်း ​အေဘီစီ ​သတင်းထောက် ​Mary ​Gearin ​က ​လန်ဒန်မြို့ကနေ ​သတင်းပေးပို့ထားပါတယ်။

အမေရိကန်က ​IS ​အဖွဲ့ကို ​ရဟတ်ယာဉ်နဲ့ ​ပထမအကြိမ် ​စတင်တိုက်ခိုက်

အမေရိကန်က ​စစ်လေယာဉ်တွေနဲ့ ​IS ​တပ်ဖွဲ့ကို ​တိုက်ခိုက်နေသလို ​Apache ​တပ်ဆင်ထားတဲ့ ​စစ်ရဟတ်ယာဉ်တွေကို ​အသုံးပြုပြီးတော့လည်း ​တိုက်ခိုက်မှု ​လုပ်နေပါတယ်။

အီရတ်နိုင်ငံ ​Fallujah ​မြို့အနားမှာ ​ကူညီ ​တိုက်ခိုက်မှု ​လုပ်ပေးဖို့ ​အီရတ်စစ်တပ်က ​တောင်းဆိုတဲ့အတွက် ​လုပ်ပေးတာ ​ဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်တွေဟာ ​အမြင့် ​ပေ ​၁၅၀ ​လောကမှာသာ ​ပျံသန်းတဲ့အတွက် ​စစ်သွေးကြွတွေက ​မြေပြင်ကနေ ​လက်နက်ကြီးတွေနဲ့ ​ပစ်ခတ် ​တိုက်ခိုက်နိုင်တဲ့အတွက် ​ပိုပြီး ​အန္တရာယ်များတဲ့ ​လုပ်ရပ် ​ဖြစ်ပါတယ်။

စစ်လေယာဉ်တွေဟာ ​အမြင့်ပေ ​၃၀၀၀၀ ​လောက်မှာ ​ပျံသန်းပြီး ​တိုက်ခိုက်မှု ​လုပ်နေတဲ့အတွက် ​စိုးရိမ်စရာ ​သိပ်မရှိပေမယ့် ​ရဟတ်ယာဉ်တွေကို ​IS ​ပစ်ခတ်နိုင်တဲ့အတွက် ​ဒီကိစ္စကို ​ဆွေးနွေးနေကြပါတယ်။

ဒါပေမဲ့ ​ရဟတ်ယာဉ်နဲ့ ​တိုက်ခိုက်မှု ​လုပ်တာက ​ပိုပြီး ​ထိရောက်တယ်လို့လည်း ​ရှုမြင်နေကြပါတယ်။


အမေရိကန်ရဲ့ Apache တင်ဆောင်ထားတဲ့ ရဟတ်ယာဉ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ