အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က NLD လူငယ်များကို နိုင်ငံအတွက် သုံးနိုင် ဖို့ အရည်အချင်း မြှင့်တင်ရေးများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အတူ နိုင်ငံအတွက် သုံးနိုင်ဖို့နှင့် နိုင်ငံရေး လုပ်ဖို့ဆိုတာ ကွာခြားကြောင်း အောကတိုဘာလ ၄ ရက်နေ့က တော်ဝင် နှင်းဆီ၌ကျင်းပသည့် ပထမအကြိမ် နိုင်ငံ လုံးဆိုင်ရာ NLD ဗဟိုလူငယ်ဦးဆောင်အဖွဲ့ ပထမအကြိမ် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။
“NLD လူငယ်တွေဆိုတာ သာမန်ပုထုဇဉ်တွေပဲ။ ဒီတော့ အတ္တဆိုတာ ရှိမှာပဲ။ ကိုယ့်အတွက်ဆိုတာ ရှိမှာပဲ။ ဒါလဲ မမှားဘူး။ အတ္တ၊ ပရ ၂ ခုစလုံး ဒွန်တွဲ ပြီးတော့ လုပ်လို့ရှိရင် တခါတလေ ပိုပြီး တောင်မှ အောင်မြင်နိုင်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ ပင်ကိုယ်စိတ်ကလည်း လုပ်ချင်တယ်၊ ကိုယ့်ကိုယ်ကို ကိုယ့်ရဲ့ သိက္ခာအတွက်ကို လုပ်ချင်တာလဲ ပါမယ်။ အဲဒီတွန်းအားရှိသလို ကိုယ့်နိုင်ငံအတွက် လုပ်ချင်တဲ့ တွန်းအားပါ ပါမယ် ဆိုရင် ၂ ခုစလုံး ပေါင်းပြီး လုပ်လိုက်မယ် ဆိုလို့ရှိရင် ဒါက ပိုပြီး တိုးတက်နိုင်မယ်၊ ပိုပြီးတော့ ထိရောက်နိုင်မယ်။ ဒါပေမဲ့လည်း အဲဒီလို လုပ်တဲ့နေရာမှာ ကိုယ့်အတွက်ကို ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ တိုးတက်ဖို့အတွက် ကိုယ်ရေးကိုယ်တာ ထင်ပေါ်ဖို့အတွက်၊ ကိုယ်ရေးကိုယ်တာ နေရာရမှုအတွက် စသဖြင့် အဲဒီဟာကို ဦးစားပေးမယ်ဆိုလို့ရှိရင်တော့ ကိုယ့်နိုင်ငံအတွက် လုပ်ရမယ့်အလုပ်တွေနဲ့ ပတ်သက်လို့ရှိရင် ဆုံးဖြတ်ချက်မှားနိုင်တယ်။ အဲဒါကိုတော့ သတိပြုရမယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။




































No comments:
Post a Comment