Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 29, 2014

NZ ပညာရှင်တွေ အီဘိုလာပို လွယ်ကူစွာ စမ်းသပ်နိုင်မယ့်စက် တီထွင်

နယူးဇီလန်နိုင်ငံ ​သိပ္ပံပညာရှင်တွေက ​ရောဂါပိုးမွှားတွေရဲ့ ​DNA ​တွေကို ​အချိန်မရွေး ​စမ်းသပ်ပြီး ​နေရာတကာကို ​သယ်ယူသွားပြီး ​စစ်ဆေးမှု ​လုပ်နိုင်မယ့် ​စက်တွေကို ​တီထွင်နိုင်ခဲ့ပါတယ်။

အဲဒီလို ​နေရာတကာကို ​သယ်ယူသွားနိုင်တဲ့ ​ရောဂါ ​စမ်းသပ်ရေးစက်ကို ​Freedom4 ​လို့ခေါ်ပြီး ​DNA ​ဖွဲ့စည်းမှုတွေ၊ ​ဘက်တီရီးယားနဲ့ ​ဗိုင်းရပ်စ်တွေကို ​ရောက်ရာ ​နေရာမှာ ​ချက်ခြင်း ​စမ်းသပ်နိုင်မှာ ​ဖြစ်ပါတယ်။

အရင်တုန်းကဆိုရင် ​ရောဂါပိုး ​စစ်ဆေးမှုရဲ့ ​ရလဒ်ကို ​သိရဖို့အတွက် ​သီးသန့်ဌာနကို ​ပို့ဆောင်ရပြီး ​ရက်နဲ့ချီကြာအောင် ​စောင့်ဆိုင်းကြရပါတယ်။ ​အထူး ​သဖြင့် ​ကျေးလက်ဒေသမှာ ​အဖြေချက်ခြင်း ​မသိနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ ​အခုလို ​နေရာတကာမှာ ​စမ်းသပ်စစ်ဆေးနိုင်မယ့် ​စက်တွေကြောင့် ​အီဘိုလာလို ​ရောဂါပိုးကို ​စမ်းသပ်ရာမှာလည်း ​မြန်ဆန်မှာ ​ဖြစ်ပါတယ်။

အီဘိုလာ ​ပိုးရှိမရှိကို ​ရက်ချီကြာအောင် ​စောင့်စရာမလိုပဲ ​ချက်ခြင်းသိနိုင်မယ့်အတွက် ​အချိန်မှီ ​ကုသမှု ​ပိုပေးနိုင်မှာ ​ဖြစ်သလို ​ရောဂါ ​ဖြစ်နိုင်တဲ့လူကို ​စောစီးစွာ ​ခွဲခြားထားနိုင်မှာ ​ဖြစ်တဲ့အတွက် ​ကူးစက်မှုနှုန်းကိုလည်း ​ထိန်းသိမ်းနိုင်မယ့် ​အနေအထား ​ပိုရှိလာပါတယ်။

သွေးထဲမှာ ​ဘာရောဂါ ​ပိုးရှိသလဲ ​ဆိုတာကို ​တစ်နာရီခွဲအတွင်း ​သိနိုင်တာ ​ဖြစ်ပါတယ်။

အဲဒီစက်ကို ​တီထွင်ဖို့ ​အချိန် ​၆ ​နှစ်ယူခဲ့ရပြီး ​အဲဒီစက်ဟာ ​ဘက်ထရီကို ​အသုံးပြုတဲ့ ​စက်ဖြစ်တဲ့အတွက် ​ကြိုက်တဲ့နေရာကို ​သယ်သွားပြီး ​စမ်းသပ်မှု ​လုပ်နိုင်တာ ​ဖြစ်ပါတယ်။



သွေးကို စမ်းသပ်စစ်ဆေးနေစဉ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ